Final

438 51 0
                                    

ရစ်ခီရုတ်တရက်လန့်နိုးလာတော့သူမရင်းနှီးတဲ့အခန်းတစ်ခုထဲမှာဖြစ်လေသည်။မဟုတ်သေး ဒီအခန်းပုံစံကိုသူသိသည်။ဒါကဟန်ယူဂျင်းရဲ့အိမ်ဖြစ်သည်။

''ရစ်ခီ နိုးရင်လည်းထတော့မနက်စာစားမယ် ''

''ယူဂျင်း ဟန်ယူဂျင်း အခုက2023လား ''

''အေးလေ ရူးကြောင်ကြောင်နဲ့ ''

''မရဘူး မဖြစ်ရဘူး အဲ့လိုဖြစ်လို့မရဘူး ''

''မြေး ကံမကုန်သေးရင်ပြန်ဆုံမှာပေါ့ မင်းတို့ရဲ့အချစ်သက်သေလည်းရှိနေတာဘဲမဟုတ်လား''

''ဟင် ဘာကို ''

အော်ဟစ်ငိုယိုနေတဲ့ရစ်ခီကိုဟန်ယူဂျင်းရဲ့အဖွားကသူ့လက်ကလက်စွပ်ကိုကြည့်ပြီးပြောလာတာမို့ရစ်ခီလက်လျော့လိုက်ရသည်။သူအကိုကျန်းဟောက်နဲ့ပြန်တွေ့ချင်ပါသည်။ပြန်တွေ့ရင်ထိန်းချုပ်ထားခဲ့ရတဲ့ချစ်တဲ့အကြောင်းတွေလည်းအများကြီးပြောချင်ပါသေးသည်။

အရင်ထဲကအနေးအေးတဲ့ရစ်ခီဟာသူမထင်မှတ်ဘဲကြုံလိုက်ရတဲ့အဖြစ်အပျက်ကြောင့်ပိုပြီးအနေတည်သွားတော့သည်။စာဘဲတစ်ချိန်လုံးလုပ်နေတတ်ပြီးတစ်ခါတစ်လေတစ်ခုခုကိုတွေးပြီးငိုနေတတ်ပြန်သည်။

အိမ်မက်တစ်ခုလိုမေ့ပျောက်သွားမှာကိုကြောက်နေတဲ့ရစ်ခီကစာအုပ်တစ်အုပ်ထဲမှာ 1889ခုနှစ်မှာသူနေခဲ့တဲ့တစ်နှစ်အကြောင်းကိုရေးမှတ်ထားလေသည်။လွမ်းလို့ရူးမတတ်ဖြစ်နေရင်းနှစ်ဝက်ဟာကုန်ဆုံးသွားလေသည်။

အခုဆိုရစ်ခီအထက်တန်းဒုတိယနှစ်တက်နေပြီဖြစ်သည်။ဟန်ယူဂျင်းနဲ့အခန်းတူသောကြောင့်မကြာခဏသူ့အိမ်သွားလည်နေဆဲဖြစ်လေသည်။သူကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကိုနားလည်တဲ့သူကအဖွားတစ်ယောက်သာရှိလေသည်။အဲ့တော့သူ့ရဲ့ရင်ဖွင့်ရာကအဖွားဖြစ်သည်။

''ရစ်ခီ ဒါလေးရှင်းပြပေးပါလား သိပ်နားမလည်လို့ ''

''ပြကြည့် ''

အတန်းထဲကဂွန်းဝုကိုစာရှင်းပြနေတဲ့ရစ်ခီကိုကြည့်ပြီးဟန်ယူဂျင်းတစ်ချက်ပြုံးလိုက်သည်။လွန်ခဲ့တဲ့၇လလောက်ကထူးထူးဆန်းဆန်းတွေပြောပြီးနောက်ပြောင်းလဲသွားတဲ့အကျင့်စရိုက်​ကြောင့်ဖြစ်သည်။အထက်တန်းဒုတိယနှစ်ရောက်တော့တစ်ခြားလူတွေနဲ့နည်းနည်းရင်းနှီးလွယ်လာတဲ့ရစ်ခီကိုယူဂျင်းမေးကြည့်ဖူးသည်။

✨ Want to see you (想見你) ✨Where stories live. Discover now