Jungkook လေးသည် စတော်ဘယ်ရီဖျော်ရည်နဲ့ သံပုရာရည်ကို အပြေးမှာပြီး အမြန်နှုန်းနဲ့ taehyung ရုံးခန်းဆီသို့ လာရပြန်သည်
တံခါးဖွင့်ပြီး ဝင်သွားလိုက်သည်
ကိုကိုနဲ့ သူမက စကားပြောနေကြလေတယ်
စတော်ဘယ်ရီဖျော်ရည်နဲ့ သံပုရာရည်ကို အမြန်ခွက်ထဲ အားထည့်ပြီး ကိုကိုတို့ရှိရာနေရာဆီလာတော့
တွေ့လိုက်ရတဲ့ မြင်ကွင်းသည် အလွဲလွဲအကွဲကွဲပဲ ရင်နာလိုက်တာ
ကိုကို့ ပေါင်ပေါ် တက်ထိုင်ကာ ကိုကို့ လည်ပင်းကို နမ်းနေသော သူမ တို့ရဲ့ မြင်ကွင်းပင်
ဖျော်ရည်ခွက်ကိုင်ထားသော လက်ကလေးတွေသည် တုန်ရင်လာပေမယ့် ပြောမထွက်သော စကားသံကိုပင် အားပြန်တင်းကာ ကိုကိုတို့ စားပွဲဆီ သောက်စရာသွားချပေးသည်
"သောက်စရာရပါပြီး"
ကလေး အသံကြားမှ သာ သူမကို အမြန်တွန်းထုတ်လိုက်တော့ ကိုယ်ပေါ်က ကွာသွားသည်
သောက်စရာချပေးပြီး လှည့်ထွက်ဖို့ အလုပ်
"ကလေး~~~"
ဟု ကိုကိုခေါ်တဲ့ အသံကိုလည်း မကြားချင်တော့ဘူး ကိုကို ရက်စက်တယ်ဗျာ လုပ်ရက်တယ်
ကျွန်တော့်ကို မချစ်ချင်လည်းနေပါ ဘာလို့ ဘာလို့ အဲ့လို လုပ်ရတာလဲမျက်ရည်တွေ ဝေ့သီးနေသော ကလေးကိုကြည့်ရင်း ကျွန်တော် ရှင်းပြဖို့ လုပ်မိသည်
"ကလေးအဲ့လိုမဟုတ်ဘူးနော် ကလေး ထင်သလို မဟုတ်ဘူး!"
ကျွန်တော့်စကား က နောက်ကျသွားပြီးလေ
ကလေး က ရုံးခန်းကနေ ပြေးထွက်သွားခဲ့လေပြီး"တောက်စ်!!"
ဆိုသော ဒေါသသံနှင့် အတူ သူမကို မျက်စောင်းနီနီတွေနှင့် စိုက်ကြည့်ခဲ့သည်
မျက်နှာ တွေသည် ခက်ထန်နှုနှင့် ဒေါသက ပေါင်းစပ်သွားပြီးမို့ မေးကျောတွေပါ တင်းနေခဲ့သည်"Taehyung~~"
အူတူတူ အသံနဲ့ ခေါ်နေသော သူမကို စောင့်တွန်းမိသည်
ယောက်ျားအားနဲ့ မိန်းကလေးအားက မမျှတာကြောင့် သူမသည် ဗုန်းကနဲ ကြမ်းပြင်ပေါ်ပြုတ်ကျလေသည်
YOU ARE READING
My Boss💖