🍁2🍁

305 22 51
                                    

Unicode

"ကင်မ်...ကင်မ်ထယ်ယောင်း..!"

သူ့နာမည်ကိုပြောလိုက်တော့ ထုံးစံအတိုင်း စပ်ဖြဲဖြဲနှင့်ရယ်ပြလာသည်။
အော်..တစ်ယောက်တည်း နားအေးပါးအေးနေချင်ပါတယ်ဆိုမှ တစ်ယောက်က ရောက်လာပြန်ပြီ။

ငယ်ငယ်ကတည်းက အပေါင်းအသင်းတွေအများကြီးကြားထဲမှာ အမြဲတမ်း လူဝင်ဆံ့တတ်တဲ့ထယ်ယောင်းက တစ်ကိုယ်တည်းအချေတစ်လိုင်းနေတတ်တဲ့
သူ့ကို တစ်ချိန်လုံးတွယ်ကပ်နေတတ်သည်။
အဲ့ဒါတွေကြောင့်ပဲ အာရုံနောက်တာ။

အဲ့ဒီ ကင်မ်ထယ်ယောင်းအကြောင်းပြောရရင် မူလတန်းကတည်းက ခင်ခဲ့တယ်ပဲဆိုပါတော့။

ချမ်းသာတဲ့ မျိုးရိုးမြင့်အသိုင်းအဝိုင်းကနေ ကြီးပြင်းလာတဲ့ကင်မ်ထယ်ယောင်းက အနည်းငယ် လေကြီးတာကလွဲရင် ယွန်းဂီအပေါ်ကိုတော့ တကယ်ကိုရင်းရင်းနှီးနှီးဆက်ဆံပါသည်။
အင်းး..အရင်းနှီးလွန်နေတယ်ပဲ ပြောရမလား..?

Flash back..

.
.
.
"ရားးးး.ယွန်းဂီ! ငါ့ကိုစောင့်ဦးလေ.."

​ကျောင်းလွယ်အိတ်လေးကိုလွယ်ရင်း ခပ်သုတ်သုတ်လျှောက်သွားသည့် ယွန်းဂီနောက်ကို ထယ်ယောင်းအမောတကောပြေးလိုက်မိသည်။

"ဘာလို့ ငါ့နောက်ကိုလိုက်နေတာလဲ..!? မင်းမှာ လာကြိုမဲ့လူမရှိဘူးလား..?"

ကျောင်းကနေ အိမ်ပြန်ချိန်တိုင်း ကင်မ်ထယ်ယောင်းက အခုလိုပဲတွယ်ကပ်ပြီး လိုက်လာတတ်သည်မို့ မေးလိုက်ခြင်းပင်။
သူ့လိုလူက လာကြိုမည့်လူမရှိစရာ အကြောင်းမရှိ။ ယွန်းဂီသိသလောက်တော့ ထယ်ယောင်းအိမ်က သူ့အိမ်ထက်ပင် ဝေးသေးသည်။
ဒါတောင်မှ ဒီသူဌေးသားက ဘာလို့သူ့နောက်ကနေ အမြဲတကောက်ကောက်လျှောက်လိုက်နေလဲမသိ။

"ရှိတယ်...ဒါပေမယ့် ပြန်လွှတ်လိုက်ပြီ.."

သူ့အဖြေစကားကြောင့် မျက်မှောင်အသာကျုံ့ပြီး ကြည့်မိတော့ ဟီးကနဲရယ်ပြလာကာ..

"မင်းနဲ့အတူပြန်ချင်လို့လေ.."

သောက်ပိုတွေဟု ယွန်းဂီတွေးလိုက်မိသည်။
သူ့လိုအဖော်မရှိ၊ သူငယ်ချင်းမရှိပဲ အမြဲတစ်ကောင်ကြွက်ဖြစ်နေသောသူ့ကို ထယ်ယောင်းလိုလူက အိမ်ကိုအတူတူပြန်ချင်သည်တဲ့လား။

Come Back (Complete)Where stories live. Discover now