part-1

2 0 0
                                    

ရာသီ‌တွေ ကူးပြောင်းခါစ အချိန်ငယ်တစ်ခု ရာသီတွေအလီလီပြောင်း နွေဦး ပိတောက်တွေ လှိုင်လှိုင်ပွင့်နေချိန် ရိုးတိမ်ပြာ၏ မွေးနေ့ရက်ကလေးမှာ ကျရောက်လာခဲ့သည်။

21.4.1996 ရိုးတိမ်ပြာဆိုသည့် ကလေးငယ်လေး လူ့လောကသို့ ရောက်ရှိလာခဲ့သည်။ ထိုနေ့‌တွင်ပင် သူ၏မိခင် မိတွင်း၌ဆုံးပါးသွားခဲ့ရသည်။ရိုးသည် ငယ်စဉ်ကတည်းက အဒေါ်ဖြစ်သူနှင့် နေခဲ့ရသည်။ ယခု ဒေါ်လေးဖြစ်သူမှ သူ၏27နှစ်ပြည့် မွေးနေ့ပွဲလေးအား မရှိမဲ့ ရှိမဲ့ ပိုက်ဆံကလေးများစု၍ လုပ်ပေးခဲ့သည်။

သို့သော်.....ရိုး မပျော်ခဲ့ရပါ ရိုး၏အပျော်များသည် ကြရှည်စွာ တည်မြဲခြင်းမရှိ တိမ်စိုင်တွေကဲ့သို့ လေနှင်သလို လွင့်စင်သွားခဲ့ရသည်။

"ချွမ်!!!!"

"ဘယ်သူပါလိမ့်"

အမည်မသိ ဖုန်းနံပတ်တစ်ခုမှ ပုံပို့ထားသည်။ပုံကိုမကြည့်ခင် ဖုန်းနံပတ်စိမ်းတခုအား ရိုး သံသယဖြစ်မိသည်။သို့သော် ကြည့်မိသည့် ပုံတွင် မောင်သည် တခြားမိန်းကလေးတ‌စ်ယောက်နှင့် အနမ်းပေးနေခဲ့သည်။ဟုတ်ပါသည် မောင်မှမောင်အစစ် သူ့အားနာကျင်မှုမျိုးစုံပေးစွမ်းနိုင်သည့် တဦးတည်းသောသူ မောင်ရယ် မွေးနေ့လေးမှာတောင် ပျော်ခွင့်မပေးပါလား မောင်ရယ် ငါ့ကို လိုချိန်လာသုံး မလိုချိန် ပစ်ထားနဲ့ ငါဟာ မောင့်ဖို့ သက်မဲ့အရုပ်လေးလား ဟင် ငါသိပ်ပင်ပန်းတယ် မောင်ရယ် မောင်ဟာ ဘယ်တုန်းကမှ ငါ့က်ု တန်ဖိုးမထားခဲ့ပါဘူး ငါကသာ တွယ်ကပ်နေခဲ့ရတာပါ အင်းပေါ့ မောင်ရယ် မောင့်ဘေးနားက မိန်းကလေးက ငါ့ထက် အဆပေါင်းများစွာ သာပါတယ်

‌"Happy birthdayပါ တိမ်ပြာ"

ထိုအသံ ထိုလေယူလေသိမ်း သေချာပါသည် နှစ်ယောက်မရှိသော ရိုး၏ ချစ်လှစွာသော မောင် တဦးတည်းသော ချစ်ရမည့်မောင် မောင်ကတော့ ဟုတ်မည်မထင် သူ့မှာ ချစ်ရမဲ့သူတွေ ပေါတယ်လေ

"အင်း မောင်"

"ကျစ် တိမ်ပြာ ခဗျား ကျုပ်ကို ဘယ်လိုလေသံနဲ့ ပြောလိုက်တာလဲ ဟမ်!!"

"ငါဘာများ ပြောမိလို့လဲ မောင်ရယ်"

"ရိုးတိမ်ပြာ ခဗျား ကျုပ်စိတ်ကို လာမစွနဲ့နော် ကျုပ် စိတ်ရှိရင် ခဗျားကို ဒီနေရာမှာတင် တက် -ိုးပစ်မှာ ကျုပ်ကို မလုပ်ရဲဘူးမထင်နဲ့"

"မောင်ရယ် ငါ့မွေးနေ့လေးမှာတော့ ငါ့ကို ပျော်ခွင့်ပေးပါအုန်းလားဟင်"

"ခဗျားကို ကျုပ်ငိုအောင် လုပ်နေလို့လား"

မလုပ်ပါဘူးမောင်ရယ် ပါးပြင်မှာ မျက်ရည်မစီးတော့တာဟာ မငိုတာမဟုတ်ပဲ မငိုနိုင်တော့တာပါ မောင့်ကြောင့် ငိုရပေါင်းများလို့ မျက်၀န်းအိမ်မှာ ခိုတွဲစရာ မျက်ရည်မရှိတော့တာပါ မောင်ရယ် ရင်ထဲမှာတော့ သွေးစိမ်းစိမ်းထွက်နေပါပီ

"မောင်"

"ဘာလဲ ပြော ခဗျား"

"ငါ့ကိုနမ်းဖူးတဲ့ နှုတ်ခမ်းတွေကလေ မိန်းကလေးဘယ်နှစ်ယောက်အတွက် ဖြစ်တည်ခဲ့ဖူးပြီလဲဟင်"

'ဖြန်း!!!!!!'

"အ့"

"ကျုပ်ကို အဲ့စကားမျိုးလာမပြောမိစေနဲ့ ရိုးတိမ်ပြာ နောက်တခါ ဒီစကားမျိုး လာပြောရငါ ခဗျားကို ကျုပ်သတ်မိလိမ့်မယ်"

"မောင်သတ်ရင်သေပီး မောင်ထားရင် နေရမဲ့သူပါ မောင်ရယ် မောင်ဆိုတာ ငါ့ကို သက်မဲ့အရုပ်လေးလို သဘောထားတဲ့သူပဲ"

"ခဗျား စောက်ပေါက်ပိတ်ထားလိုက်တော့ ရိုးတိမ်ပြာ"

"မောင်ရယ်....."

ထိုမျှသာ ပြော၍ ရိုးတစ်ယောက် မျက်လွှာချထားသည်။အချိန်ခဏမျှ ကြာသွားသည်။ရုတ်တရက် လက်ဖဝါးဆီမှ ခပ်နွေးနွေးအထိအတွေ့ကြောင့် မျက်လုံးဖွင့်ကြည့်မိချိန် ပြောလိုက်သည်က...

"ငြိမ်ငြိမ်နေ ခဗျားလက်ကို ကိုင်ချင်လို့ ကိုင်ထားတာမဟုတ်ဘူး လူကြားထဲမှာတော့ ခဗျားဟာ ကျုပ်အပိုင်ပဲ"

"မောင် ငါ့ကိုမချစ်ဘူးလားဟင်"

"ခဗျား စာဖတ်တတ်တဲ့နေ့ ကျုပ် ခဗျားကိုချစ်မယ်"

"မောင်ရယ် တိမ်ပြာမှ စာမတတ်ခဲ့တာ"

"ငြိမ်ငြိမ်လေးနေပီး မေးခွန်းတွေ သိပ်မများစမ်းပါနဲ့ ခဗျားရယ်.."

"မောင့်သဘောအတိုင်းပါ မောင်ရယ် ငါက မောင်ထားရာနေ စေရာသွားဘ၀ပဲလေ"

"ကျစ် စောက်စကားများလွန်းတယ် ခဗျားရယ်"

"အင်းပါ မောင်ရယ်"

ထိုမျှသာပြော၍ ရိုးတိမ်ပြာတစ်ယောက် ပါးစပ်ပိတ်၍ အသာငြိမ်နေခဲ့ရသည်။အဲ့လိုပါပဲ ရိုးတိမ်ပြာဆိုတာ စိုင်းဇေနက္ခတ် ငြိမ်ဆိုရင် ချောင်မှာကုတ်ပြီးသား ကြောင်လေး တစ်ကောင်သာသာပါပဲ.....။

______________________________

ဟယ်လို ဇာတ်လမ်းလေးက sadဘက်ကိုသွားမှာပါ မျက်ရည်ခိုင်မှ ဖတ်ဖို့သတိပေးချင်ပါတယ်နော် part 1လေးကိုသဘောကျရင် ကြေငြာပေးကြပါအုန်းနော် အားလုံး လပ်ပါတရ်ဗျ

You've reached the end of published parts.

⏰ Last updated: Apr 15, 2023 ⏰

Add this story to your Library to get notified about new parts!

Hē whö caūsed pāiñWhere stories live. Discover now