"ကိုကို့ကိုမုန်းတယ်!!ကိုကိုအရမ်းလွန်နေပြီ ! "
ဒေါသကြောင့်ပါးလေးတွေပါ ရဲတက်နေတဲ့sunooက သူ့အရှေ့က လူရဲ့ရင်ဘတ်ကို အားနဲ့ထုရိုက်ပစ်ကာပြောလိုက်တယ်။တစ်ဖက်လူက sunooကျေနပ်ဖို့သာ အဓိကမို့ရုန်းလည်းမရုန်းမိဘဲ တောင်းပန်စကားပြောရင်းသာ ငြိမ်သက်နေခဲ့တယ်။
"ကိုကိုတောင်းပန်ပါတယ် ၊နောက်မဖြစ်စေရဘူး"
sunooလှောင်ပြုံးရင်း sunghoonကိုမော့ကြည့်လာတယ်။အညိုရောင်မျက်ဝန်းတွေမှာ မျက်ရည်တွေပြည့်နေပြီမို့ ဘယ်နှကြိမ်မြောက်မှန်းမသိတဲ့ သက်ပြင်းတွေကို sunghoonချလိုက်မိတယ်။
"ကိုကိုတောင်းပန်ပြီးရင်လည်း ကျွန်တော့်ကို ဂရုစိုက်တော့တာမဟုတ်ဘူးလေ။အဲ့ဒီ့အလုပ်တွေကပဲ ကိုကို့ခေါင်းထဲရှိနေတာ။ကျွန်တော့်အတွက်နေရာရှိတော့တာမဟုတ်ဘူး..."
အဆုံးသတ်မှာ တိမ်ဝင်သွားတဲ့စကားသံလေးကြောင့် ထိုသူ မျက်နှာဟာ သိသိသာသာပျက်ကျသွားရသလို သူ ဆောနူကိုဖက်ထားပေးချင်တာပဲ သိတော့တယ်။အနားတိုးကပ်သွားမိပေမဲ့ sunooက ထိုလက်တွေကိုရှောင်ဖယ်လိုက်မိရဲ့။ရှိူက်ပြီးငိုနေတဲ့sunooကို sunghoonက ထပ်ပြီးမရရအောင်ဖက်ထားပစ်ဖို့ကြိုးစားပေမဲ့ sunooက သူ့လက်မောင်းတွေကိုရုန်းကန်ပြီးရိုက်ချပစ်တယ်။
"ဖယ်! လာမထိနဲ့ ခင်ဗျားလုပ်ချင်ရာလုပ်ပြီးတိုင်း ဒီတိုင်းပဲ! ကျွန်တော့်ကိုမထိစမ်းနဲ့ ! "
"ကျွန်တော် အဲ့နေရာမှာ ခင်ဗျားကိုအရူးလိုထိုင်စောင့်နေခဲ့တာ။7နှစ်ပြည့်ကိုတော့ ကိုကိုထပ်ပြီးမမေ့လောက်ပါဘူး၊ကျွန်တော့်ကိုပဲသတိရနေမှာပါလို့ထင်ပြီး အရူးလိုပျော်နေခဲ့တာ!! ဒါပေမဲ့အလုပ်ရှုပ်နေလို့ ကိုကိုကကျွန်တော့်ဖုန်းတောင်မကိုင်ခဲ့ဘူးမလား"
sunooက ပါးပေါ်ကမျက်ရည်တွေကို လက်ခုံနှစ်ဖက်နဲ့ဖိသုတ်ရင်း တတွတ်တွတ်ပြောနေတယ်။တစ်ခါတစ်လေ သူ စဥ်းစားမိတယ်။ကိုကို့ဘဝမှာ သူက တကယ်ရောအရေးပါသေးရဲ့လား။သူ့အတွက်တော့ sunghoonက အမြဲတမ်းအတွက်နံပါတ်တစ်ဖြစ်ခဲ့ပေမဲ့ sunghoonအတွက်တော့ သူကလွဲရင်ကျန်တာအကုန်အရေးကြီးနေတော့တာပဲ။
YOU ARE READING
Yellow card
FanfictionYou were an unexpected surprise, the defining moment. The collision of stars that slammed into me hard and sent my neat little world plummeting into the ocean.