yellow card

2.3K 231 12
                                    

"ကိုကို့ကိုမုန်းတယ်!!ကိုကိုအရမ်းလွန်​နေပြီ ! "

​ဒေါသ​ကြောင့်ပါး​လေး​တွေပါ ရဲတက်​နေတဲ့​sunooက သူ့အရှေ့က လူရဲ့ရင်ဘတ်ကို အားနဲ့ထုရိုက်ပစ်ကာ​ပြောလိုက်တယ်။တစ်ဖက်လူက sunooကျေနပ်ဖို့သာ အဓိကမို့ရုန်းလည်းမရုန်းမိဘဲ ​တောင်းပန်စကား​ပြောရင်းသာ ​ငြိမ်သက်​နေခဲ့တယ်။

"ကိုကိုတောင်းပန်ပါတယ် ၊နောက်မဖြစ်​စေရဘူး"

​​sunooလှောင်ပြုံးရင်း ​sunghoonကို​မော့ကြည့်လာတယ်။အညို​ရောင်မျက်ဝန်း​တွေမှာ မျက်ရည်​တွေပြည့်​နေပြီမို့ ဘယ်နှကြိမ်​မြောက်မှန်းမသိတဲ့ သက်ပြင်း​တွေကို sunghoonချလိုက်မိတယ်။

"ကိုကို​တောင်းပန်ပြီးရင်လည်း ကျွန်​တော့်ကို ဂရုစိုက်​တော့တာမဟုတ်ဘူး​လေ။အဲ့ဒီ့အလုပ်​တွေကပဲ ကိုကို့​ခေါင်းထဲရှိ​နေတာ။ကျွန်​တော့်အတွက်​နေရာရှိတော့တာမဟုတ်ဘူး..."

အဆုံးသတ်မှာ တိမ်ဝင်သွားတဲ့စကားသံ​​လေးကြောင့် ထိုသူ မျက်နှာဟာ သိသိသာသာပျက်ကျသွားရသလို သူ ဆောနူကိုဖက်ထား​ပေးချင်တာပဲ သိ​တော့တယ်။အနားတိုးကပ်သွားမိ​ပေမဲ့ ​sunooက​ ထိုလက်​တွေကို​ရှောင်ဖယ်လိုက်မိ​ရဲ့။ရှိူက်ပြီးငို​နေတဲ့​sunooကို sunghoonက ထပ်ပြီးမရရ​အောင်ဖက်ထားပစ်ဖို့ကြိုးစား​ပေမဲ့ sunooက သူ့လက်​မောင်း​တွေကိုရုန်းကန်ပြီးရိုက်ချပစ်တယ်။

"ဖယ်! လာမထိနဲ့ ခင်ဗျားလုပ်ချင်ရာလုပ်ပြီးတိုင်း ဒီတိုင်းပဲ! ကျွန်​တော့်ကိုမထိစမ်းနဲ့ ! "

"ကျွန်​တော် အဲ့​နေရာမှာ ခင်ဗျားကိုအရူးလိုထိုင်​စောင့်​နေခဲ့တာ။7နှစ်ပြည့်ကို​တော့ ကိုကိုထပ်ပြီးမ​မေ့​လောက်ပါဘူး၊ကျွန်​တော့်ကိုပဲသတိရ​နေမှာပါလို့ထင်ပြီး အရူးလို​ပျော်​နေခဲ့တာ!! ဒါ​ပေမဲ့အလုပ်ရှုပ်​နေလို့ ကိုကိုကကျွန်​တော့်ဖုန်း​တောင်မကိုင်ခဲ့ဘူးမလား"

​sunooက ပါး​ပေါ်ကမျက်ရည်​​တွေကို လက်ခုံနှစ်ဖက်နဲ့ဖိသုတ်ရင်း တတွတ်တွတ်​ပြော​​နေတယ်။တစ်ခါတစ်​​လေ သူ စဥ်းစားမိတယ်။ကိုကို့ဘဝမှာ သူက တကယ်ရောအရေးပါသေးရဲ့လား။သူ့အတွက်​​တော့ ​sunghoonက အမြဲတမ်းအတွက်နံပါတ်တစ်ဖြစ်ခဲ့​ပေမဲ့ ​sunghoonအတွက်​တော့ သူကလွဲရင်ကျန်တာအကုန်အ​ရေးကြီး​နေ​တော့တာပဲ။

Yellow cardWhere stories live. Discover now