အမှောင်ရီဖျိုးဖျတဲ့ကမ္ဘာငယ်အတွက် မီးအိမ်ကောင်းတစ်လုံးကို သိပ်လိုအပ်တယ်။ ရင်ဘတ်စည်တီးသံတွေကို မျက်ရည်စက်တွေဟာစောင့်မျှော်တယ်။ ပြတင်းပေါက်ကနေ လှမ်းမျှော်ကြည့်လိုက်တဲ့အခါ သူကိုယ်တိုင်ဖန်တီးထားတဲ့ပုံပြင်တိုင်းကို နားထောင်နိုင်တယ်။
အစိုးမရတဲ့မုန်တိုင်းဟာ လျှပ်စီးတန်းတွေတိုးဝင်နေတဲ့ကမ္ဘာကြီးကို ငေးကြည့်နေတယ်။ မိုးကြိုးမုန်တိုင်းတွေမှာလည်း သက်တံ့ရောင်စဉ်တွေရှိတယ်တဲ့။ လျှပ်စီးတွေက သပ်တန့်ရဲ့ဘယ်အရောင်ကိုမဆို ကိုယ်ပွားယူနိုင်တယ် ပျော်မွေ့သူ။
အဝါရောင်တွေရှိတယ်၊ လိမ္မော်ရောင်တွေရှိတယ်၊ အပြာရောင်တွေရှိတယ်၊ အနီရောင်တွေရှိတယ်၊ ပန်းရောင်တွေရှိတယ်၊ အဖြူရောင်တွေရှိတယ်။ အနက်ရောင်ဟင်းလင်းပြင်ထက်မှာ နဂါးငွေ့တန်းကြယ်အစုအဝေးကြီးတွေ မျောလွင့်လည်ပတ်နေတယ် ဆေးခြယ်သူ။မိုးခြိမ်းသံတွေက ကောင်းကင်တံခါးကို မကြာခဏလာလာခေါက်တယ်။ ရိပေါ့်အခန်းတံခါးကိုရောပဲ။ စက္ကူလှေအနီရောင်လေးဟာ ရိပေါ်နဲ့အတူတူ ပြတင်းပေါက်ဘောင်ပေါ်မှာ ထိုင်နေတယ်။ နို့စိမ်းရောင်လိုက်ကာစလေးဟာ အအေးလှိုင်းကိုအကာရံခြားစေတဲ့ ခြုံထည်မဟုတ်ဘူး။
တံစက်မြိတ်က ရေစက်ရေပေါက်တွေဟာ မိုးမြစ်ချောင်းထဲစီးဆင်းတယ်။ သူတို့တွေက ပင်လယ်ပြင်ကြီးဆီ မရပ်မနားခရီးနှင်ကြလိမ့်မယ်။ မြူခိုးမြူငွေ့တွေဟာ တိမ်တိုက်တွေနဲ့ပေါင်းစည်းတယ်။ ‘ မင်းရော ငါတို့နဲ့အတူလိုက်ခဲ့မလား စက္ကူလှေငယ်လေး ‘ ဖြုတ်ခနဲကြွေကျသွားတဲ့ သစ်ရွက်ကလေးဟာ လှေတစ်စီးအသွင်ခံယူလို့ လှော်ခတ်သွားချေပြီ။
( ဒေါက် ဒေါက် )*
လော့ချထားတဲ့တံခါးတစ်ချပ်ဟာ ပွင့်သွားခဲ့တယ်။ သူဝှက်ထားတဲ့ တံခါးကိုရှာတွေသွားခဲ့ပြီ။ သူ့ကိုလည်း မကြာခင်ရှာတွေ့ကြတော့မှာ။ စက္ကူလှေအနီရောင်လေးက သူ့ကိုဖုံးကွယ်ပေးထားနိုင်ရဲ့တယ်။“ သား . . “
ခေါ်ထုတ်သွားပေးပါ။ . . . ငါတစ်ယောက်ထဲနေပါရစေ။ဝမ်မားမားက ဘာမှအဆင်သင့်မဖြစ်သေးတဲ့ အခန်းကိုကြည့်ပြီး သက်ငွေ့ရှိုက်တယ်။
ဒီနေ့ သူ့ရဲ့သစ်တောကြီးက ညိုးနွမ်းခြောက်သွေ့နေတယ်၊ သစ်ပင်တွေက ဝမ်းနည်းနေကြပြီး သူ့ဝမ်းဗိုက်ထဲက လိပ်ပြာတွေအကုန်လုံး အတောင်ပံတွေပျက်စီးကုန်ကြပြီ။
YOU ARE READING
quixotic
Fantasythird person's pov : how lovely it is when they are always together