[Unicode Version]
ဒုန်း!
"Sehunnie...Sehunnie!!"
ဒုန်း ဒုန်းး!"Sehunnieeeee!"
ဒုန်း......!"မထလည်းနေတော့ဟာ!~ တစ်မနက်တစ်မနက် နင့်ကိုနှိုးရတာ ဝဋ်ပဲ အိပ်ရေးကိုမက်တယ် နင်အခုနေထမှ ရုံးချိန်မီမှာနော် ဒီ့ထက်နောက်ကျရင် မီမှာမဟုတ်တော့ဘူးရယ် အဲ့လိုနောက်ကျတာများလာရင်နောက်လဆိုနင်အလုပ်လက်မဲ့ဖြစ်ပြီ Sehunnie!~ တကယ်ပါပဲ စိတ်ဓာတ်ကျတယ် ဒီလိုလူမျိုးကို အစ်ကိုတော်ရတာ ဟူးးးးးးးးးးးးး"
~~~~~~~~~~~
အဲ့ဒါပါပဲ ကျွန်တော်ဆိုတဲ့ Oh Sehunရဲ့ နံနက်ချိန်ခါတေးသံသာပေါ့ကျွန်တော့်ညီမ Sasukiစုတ်ရဲ့ ငှက်ဆိုးထိုးသံနဲ့စရတယ်တစ်နေ့တာကို မနက်မိုးလင်းတာနဲ့အခန်းတံခါးကိုခြေကန်ချက်ပြင်းပြင်းနဲ့ကန်မယ် ပါးစပ်ကလည်းအသံပြဲနဲ့အော်မယ် မထရင် အလုပ်နဲ့ချိန်းခြောက်မယ်သူသိတယ်လေဒီအလုပ်ကကျွန်တော်အလုပ်ချင်ဆုံးအလုပ်ဆိုတာ တကယ်တော့သူကကျွန်တော့်ထက်ပိုပြီးကျွန်တော်အလုပ်ပြုတ်မှာကိုကြောက်တာ အဲ့ကောင်မလေးကအလကားဟာလေးဘွဲ့သာရထားတာဘာမှမယ်မယ်ရရအလုပ်ရှိတာမဟုတ်ဘူးရယ် ဘာတဲ့သူဝါသနာပါတဲ့ စာရေးဆရာမအလုပ်လုပ်တယ်ဆိုပြီးမနက်မိုးလင်းကနေ ညမိုးချုပ်ထိ laptopတစ်လုံးနဲ့ တချောက်...ချောက်ရယ် အလုပ်လုပ်နေတာတော့မှုတ်ဘူးသူကြိုက်တဲ့အရပ်ရှည်ရှည်နားကားကားနဲ့အဆိုတော် Park Chanyeolဆိုလားပဲအဲ့အဆိုတော်အကြောင်းတနေကုန်ထိုင်စုံစမ်းနေတာ
မိန်းကလေးတဲ့ စကားပြောလည်းမချိုသာဘူးဆက်ဆံရေးကလည်းမပြေပြစ်ဘူး သွေးဆိုးချက်ကလက်ကုန်ရယ် ဖြူဖြူအေးအေးလေးနဲ့တစ်ယောက်တည်းပဲအမြဲတွေ့နေရလို့ချဉ်းကပ်ဖို့တော့မတွေးနဲ့သူ့တိုက်ကွမ်ဒိုအစွမ်းနဲ့သွာ့သူကာကွယ်တတ်ပြီးသားLOL ကျွန်တော့်ညီမအရင်းလို့တော့မထင်လိုက်နဲ့နော် ကျွန်တော့်အဒေါ်က ဂျပန်မှာအမျိုးသားတစ်ဦးနဲ့အိမ်ထောင်ကျတာ သမီးလေးတစ်ယောက်မွေးတယ် အဲ့ဟာမလေးကိုပေါ့ သူအထက်တန်းကျောင်းသူအရွယ်ရောက်မှ ကျွန်တော့်အဒေါ်ရောသူ့အမျိုးသားရောကားမှောက်ပြီးဆုံးသွားလို့ ommaလေဂျပန်ကသူ့တူမကို ခေါ်မွေးထားတာ ငယ်ငယ်ကတော့ommaပြောတာကြားဖူးတယ် Sasuki မ ရဲ့appaက ယာကူဆာဆိုလားပဲ အာ့ကြောင့်အဲ့လောက်သွေးဆိုးတာဒင်းက ပြောမဲ့ပြောပါတယ်အဲ့အရှုပ်ထုပ်ကကျွန်တော့်အပေါ်မှာတော့ ငယ်ငယ်တည်းက ဦးစားပေးပြီးအနစ်နာခံတတ်သား သူ့အကြောင်းတွေးနေတာနဲ့7မိနစ်လောက်အချိန်ပုပ်သွားပြီဟူးးးးးးးး
YOU ARE READING
One Day...May Be [Completed]
FanfictionYaoi fan fiction SeBaek(EXO's Sehun & EXO's Baekhyun) >> I'll tell you how much I love you...one day <<