(UNICODE VERSION)
"Sehun_nah!~ ညနေကျရင် အချိန်ရလားဟင် hyungညနေစာကို ပါစတာ လုပ်ကျွေးမို့အဲ့ဒါ လိုအပ်တဲ့ပစ္စည်းတွေကိုmarketမှာတစ်ခါတည်းဝင်ဝယ်ရမှာမို့လို့ sehunနဲ့အတူတူသွားဝယ်မယ်လေ ညနေစာအတူမစားရတာကြာပြီမလား"
"အင်း......အတူတူမစားရတာကြာပြီလေ 2ရက်ရှိပြီ hyungလက်ရာမစားရတာ "
ကျွန်တော့် စနောက်တဲ့ စကားကိုကြားတော့ hyung နှုတ်ခမ်းလေးစူသွားတယ် Aigoo!~ ကျွန်တော့်Byun boyလေးကချစ်စရာကောင်းလိုက်တာအာ့ကြောင့်Oh Sehunတို့ရူးမတတ်ချစ်နေရတာ ကျွန်တော်နဲ့hyungနဲ့က တက္ကသိုလ်မှာတည်းကထမင်းအတူစားနေကျလေ နေ့လည်စာကတော့ကျောင်းတုန်းကကန်တင်းမ်မှာအတူစားတယ် အခုတော့ ကုမ္ပဏီရှေ့က စားသောက်ဆိုင်မှာအတူစားနေကျ ညစာကတော့ ကျွန်တော်ကံကောင်းတဲ့သူလို့ဆိုရမလား ကျောင်းတုန်းတည်းကခုထိ hyungချက်ကျွေးတဲ့ညစာကိုညတိုင်းhyungအိမ်မှာလိုက်စားတယ် ပြီးမှကိုယ့်အိမ်ကိုယ်ပြန်တာလွန်ခဲ့တဲ့နှစ်ရက်ကမှ hyungက သူ့appa အိမ်ကိုခဏသွားနေလို့ နှစ်ရက်လုံးကျွန်တော်Sasukiမ လက်ရာကိုစားနေရတာ နှစ်ညရှိပြီ ကျွန်တော့်အချစ်ဆုံးရဲ့လက်ရာကိုပြန်စားရတော့မယ် hyungလက်ရာကိုကျွန်တော်အရမ်းကြိုက်တယ် ကျွန်တော့်ခံတွင်းထဲတော့hyungဘာချက်ချက်ချိုနေတာ အချစ်ဆုံးသူကချက်ကျွေးတာမို့ဖြစ်မယ် ကျွန်တော်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးက သူငယ်ချင်းဆိုတာထက်ပိုပါတယ် hyungရဲ့ကွန်ဒိုpasswordကိုကျွန်တော်သိသလို hyungဘာပစ္စည်းဝယ်ဝယ်ကျွန်တော်မပါရင်ကိုမပြီးတာပါ!~ hyungနေမကောင်းဖြစ်ရင် ကျွန်တော်hyungရဲ့ကွန်ဒိုမှာညအိပ်ပြီးhyungကိုပြုစုပေးတယ် ကျွန်တော်နေမကောင်းရင်လည်း hyungကအိမ်ပေးမပြန်ဘူးသူ့အိမ်မှာခေါ်ထားတာ အဲ့လောက်ကိုသံယောစဉ်ကြီးပေမဲ့ကျွန်တော် hyung ကိုဖွင့်မပြောရဲသေးဘူး hyungသာလက်မခံခဲ့ရင် လက်ရှိအခြေအနေလေးပါပျောက်သွားမှာကျွန်တော်ကြောက်တယ်
"Sehun_nah!~ Sehun!!"
"ဟင် hyung?"
"ခေါ်နေတာကြာပြီလေ ဘာလဲ hyungနဲ့ညနေစာအတူမစားချင်တော့လို့မကြားချင်ယောင်ဆောင်နေတာလား?ဟုတ်ပါတယ် Sehunမှာလည်းမိသားစုရှိတာပဲ Sasukiကညတိုင်းအစ်ကိုရှိရဲ့သားနဲ့တစ်ယောက်တည်းထမင်းစားနေရတာကြာပြီနော် hyungကအနားမှာမိသားစုမရှိလို့ ကိုယ်အထီးကျန်တာနဲ့ပဲ သူများမောင်နှမကိုခွဲထားသလိုဖြစ်နေပြီ mianhae Sehun_nah"
YOU ARE READING
One Day...May Be [Completed]
FanfictionYaoi fan fiction SeBaek(EXO's Sehun & EXO's Baekhyun) >> I'll tell you how much I love you...one day <<