မျက်နှာချင်းဆိုင်အနေအထားနဲ့ ရင်ခွင်ထဲဝင်ရောက်ကာ မှေးစက်နေသော သူမ...'' ခတ်ရွှေစင်လွှာ ''
သျှင် တစ်ယောက် မိမိရင်ခွင်ထဲအိပ်ပျော်နေသောကောင်မလေးအား တယုတယကြည့်ရင်း နဖူးပေါ်သို့ အနမ်းတပွင့်ခြွေချကာ အိပ်ရာမှဖြည်းဖြည်းချင်းထလေသည်
ငှက်ကလေးတွေရဲ့တွန်ကြူးသံကိုနားဆင်ရင်း မျက်နှာသစ် သွားတိုက်ကာ နံနက်ခင်းကိုစတင်လိုက်သည်။...ရုံးပိတ်ရက်လည်းဖြစ်လို့ အေးအေးဆေးဆေးပင် ...
______ညက စာရေးရင်း ခတ် အိပ်ရာဝင်နောက်ကျပြီမို့ မနက်ပါအိပ်ရာထနောက်ကျသည်အထင်နှင့်..ချစ်ရသူကလည်း အိပ်ရာဘေးမရှိသည်မို့ ထကာ သျှင့်ကိုရှာလေတော့သည်
တရှူးရှူး တရှဲရှဲအသံကြားရာနောက်တွင် မနက်စာအသေအချာပြင်ဆင်နေသော သျှင့်ကိုကြည့်ရင်း ခတ်ပြုံးလိုက်မိသည်
''အချစ်...ဘာတွေလုပ်နေတာလဲ''
''ခတ်...နိုးလာပြီလား
ဒီမှာလေ ခတ်ကြိုက်တဲ့ထမင်းကြော် ပဲငံပြာရည်နဲ့သေချာနယ်ပြီး အဆာပလာလေးတွေထည့်ထားတာ''''အွင်း အချစ်...မြည်းလို့ရလား အနံ့လေးကမွှေးနေလို့''
''သွားရောတိုက်ပြီးပြီလား ခတ်ရဲ့..''
''ဟဲ...တိုက်ရသေးဘူး ''
''သွားပါ..မျက်နှာသစ် သွားတိုက်အုန်း ညစ်ပတ်မလေး''
''အချစ်နော်.. ခတ်က မညစ်ပတ်ပါဘူး မယုံရင် နမ်းပြမယ်''
''ဟိုးထား.. ကော်ဖီပါ ဖျော်ပေးထားမှာမို့ မြန်မြန်ပြန်ဆင်းလာခဲ့ပါ ခတ်လေး''
''ဟွန်း.. ဒီက နမ်းပြမို့ကို''
နှုတ်ခမ်းလေးစူကာ ပွစိပွစိပြောရင်းထွက်သွားသူကိုကြည့်ပြီး ကော်ဖီဖျော်ရန်ပြင်တော့သည်..ဘယ်လောက်တောင်စားချင်နေပြီမို့လည်းမသိ သိပ်မကြာလိုက် ခတ် ပြန်ဆင်းလာလေသည်.
________
ရုံးပိတ်ရက်ဖြစ်သည်မို့ သျှင်တစ်ယောက် အိမ်မှာပဲ ခတ်ဘေးနားကပ်နေသည်
ခတ်က စာရေးရတာဝါသနာပါသူမို့ စာမူများကိုရေးပြီးတင်လေ့ရှိသည်။အခုတွင်လည်း မနက်စာစားပြီးကတည်းက စာရေးစားပွဲနားထိုင်ကာ idea စဥ်းစားလိုက်ရေးလိုက်လုပ်နေသည်။
ခတ်ဘေးတွင်တော့ ခတ်ပခုံးကိုမှီကာ အကြံဉာဏ်ပေးတတ်သော သျှင်ကမပါမဖြစ်...