Unicode


အမှောင်လောကတွင် ထိပ်တန်းဂိုဏ်းကြီး 5ဂိုဏ်းရှိပြီးညှို့မာန်စက်ရှိန် ခေါ် Zeenရဲ့  Dark Wolf ဂိုဏ်းက အင်းအားအကြီးဆုံးဖြစ်သည်။ဂိုဏ်းသားတွေကို ကြေးအဆင့် ၊ ငွေအဆင့်နဲ့ရွှေအဆင့်ဆိုပြီးခွဲခြားပြီး တစ်ဆင့်စီမှာအဖွဲ့ 4ဖွဲ့ရှိကြတယ်။ဂိုဏ်းရဲ့အဓိကစည်းမျဥ်းကတော့ တာဝန်ချိန်တွင်ဂိုဏ်းသားတွေရဲ့နာမည်ရင်းကိုခေါ်ခွင့်မရှိသလို အပြင်လောကမှာလည်းဂိုဏ်းသားတွေရဲ့ လျှို့ဝှက်နာမည်ကိုသုံးခွင့်မရှိပေ။Zeenက သူ့ရဲ့ဂိုဏ်းသားများကိုစည်းကမ်းအရမ်းတင်းကြပ်သည်။Zeenရဲ့လုပ်ငန်းတွေဟာအမှောင်လောကမှာပင်မဟုတ်ဘဲ အလင်းလောကမှာပါ ကျယ်ပြန့်ပြီးအောင်မြင်လေသည်။Zeenကသူ့ရဲ့အလုပ်ခန်းထဲမှာ စာရွက်ဖိုင်တွေကိုပြန်စစ်ရင်းဘေးမှာရပ်နေတဲ့ kexxကိုမေးလိုက်သည်။kexx ဆိုသည်က ဇေသန့်ရဲ့အမှောင်လောက က နာမည်ဖြစ်သည်။

" ဂျပန်ကဖိတ်တဲ့ လေလံပွဲကဘယ်နေ့လဲ    "

" နောက်တစ်ပတ် အင်္ဂါနေ့မှာပါ ....ကျွန်တော်လေယာဥ်လက်မှတ်ပြင်ပြီးပါပြီ "


ထိုလေလံပွဲက အမှောင်လောက ကပြုလုပ်တဲ့ လေလံပွဲဖြစ်ပြီး ရောင်းချမည့်အရာအားလုံးက အရမ်းကောင်းတဲ့ပစ္စည်းတွေဖြစ်ကာအပြင်လောကမှာရှားပါးပြီး ရှာရခက်တဲ့အရာတွေဖြစ်သည်။Bossကအဲ့ဒီလေလံပွဲကိုသွားမှာသေချာတာကြောင့် Kexxကလက်မှတ်ပင်ကြိုတင်ဖြတ်ထားခြင်းဖြစ်သည်။


" အင်း အပန်းဖြေစခန်းကရှယ်ယာဝင်တွေကို အစည်းအဝေးလုပ်ဖို့ပါတစ်ခါတည်းအကြောင်းကြားထားလိုက် "

" ဟုတ်ကဲ့ "

Kexxကသူ့တာဝန်ကိုလုပ်ဖို့ ထွက်သွားတော့မယ့်အချိန်မှာ bossရဲ့ တားဆီးခြင်းကိုခံရသည်။

"Rexx ပါ ခရီးစဥ််ကိုလိုက်ရမယ်"

" ဗျာ ! "

Kexxကအံ့သြပြီး bossကိုကြည့်လိုက်တော့ အေးစက်သောမျက်ဝန်းနဲ့စိုက်ကြည့်ခံလိုက်ရတာကြောင့် ခေါင်းငုံ့လိုက်မိသည်။

" ပြဿနာရှိလို့လား"

" မရှိပါဘူးboss...သူ့အတွက်ကျွန်တော်လက်မှတ်စီစဥ်လိုက်ပါမယ် "

You've reached the end of published parts.

⏰ Last updated: Apr 20, 2023 ⏰

Add this story to your Library to get notified about new parts!

အချစ်ဟုမဆိုထိုက်သော်လည်း (အချစ်ဟုမဆိုထိုက်သော်လည်း )Where stories live. Discover now