Unicode
ကျွန်မကပျော်ပျော်နေတက်တဲ့သူဆိုပင်မဲ့ ကျွန်မသတိထားမိသူကရှားသလို့ ကျွန်မကိုသတိထားမိတဲ့သူတွေလဲရှိသည်။တစ်နေ့တော့ သူငယ်ချင်းတွေနဲ့စကားပြောရင်း အပြန်အလှန်စကျတာပေါ့ ကျွန်မလဲအဲတုန်းကဈေးဗန်းခင်းတာပေါ့ ကောင်မလေးလိုချင်တယ်ရှာပေးကျပါဆိုပြီးတော့လေ။ဒါပင်မဲ့တကယ်လိုချင်လာဆိုတော့လဲ မလိုချင်ပြန်ဘူး။
အဲလိုနဲ့ သူမကကျွန်မကိုသတိထားမိတယ်နဲ့တူပါရဲ့ကျွန်မကနဂိုကတည်းက တော်ရုံဆိုသတိမထားမိတဲ့သူဆိုတော့ သူမကျွန်မကိုသဘောကျနေမှန်း မသိခဲ့ဘူး။ကျွန်မသူငယ်ချင်းတွေကအကုန်သိခဲ့တည်။
တစ်နေ့တော့ သူမက ကျွန်မကိုသဘောကျကြောင်းဖွင့်ပြောခဲ့တော့ ကျွန်မအံဩသွားခဲ့တာပေါ့၊သူငယ်ချင်းတွေကိုလဲမေးကြည့်တော့ သူတို့တွေက ဟုတ်တယ်လို့ပြောကျသည်။
ဒါပင်မဲ့ ကျွန်မမယုံနိုင်ခဲ့ဘူးလေ အဲတာနဲ့သူမဖွင့်ပြောခဲ့တာကိုမသိချင်ယောင်ဆောင်ခဲ့ပြီနေခဲ့လိုက်တည်။
တစ်နေ့တော့ သူမ ကျွန်မရဲ့messgမှ စကားလာပြောတယ် "ကိုယ်မင်းကိုသဘောကျတယ်"ဆိုပြီးတော့လေ။အဲချိန်တုန်းကလဲ တစ်ဖန်အံဩရပြန်တယ်၊အဲချိန်တုန်းက သူမကိုငြင်းဖို့ ကျွန်မလုပ်ကြည့်ပါသေးတယ်။ကျွန်မစိတ် ကျွန်မနှလုံးသားက ခွင့်မပြုခဲ့ဘူးထင်ပါရဲ့ သူမကိုအဖြေပြန်ပေးဖို့ လက်ခံပေးမိသွားသည်။အဲတာနဲ့ပဲ သူမကိုပြန်ပြောမိလိုက်တယ်..~~~
"ငါကိုအချိန်ပေးပါ"
"ရတာပေါ့ဗျာ..ဘယ်နေ့အဖြေပေးမှာလဲဟင်"
"ငါမနက်ဖန်မှအဖြေပေးမယ်"
"ကိုယ်မနက်ဖန်ထိ မစောင့်နိုင်တော့ဘူး၊
ဒီလိုလုပ်ပါလား ကိုယ်ကို့ညကျအဖြေပေးပါလား?"ကျွန်မ ဇဝေဇဝါဖြစ်သွားခဲ့သည် "ဟင်..သူအဖြေတောင်းတာမစောလွန်းဘူးလား၊ပြီးတော့ ငါကရော သူကိုဘယ်လိုလုပ်အဖြေပေးဖို့လုပ်မိတာပါလိမ့်" ဆိုပြီး စိတ်ထဲအတွေးများနေခဲ့တည်။
အဲလိုနဲ့ ညရောက်တော့ သူမက ကျွန်မအမြဲစကားပြောနေကျ sqတစ်ခုထဲမှာ..