💜 episode - 1 💜

111 17 0
                                    

Unicode 💜

အေးစက်လွန်းရဲ့ကျွန်တော့်ရဲ့ဘဝရေပြင်ပေါ် လှိုင်းဂယက်လေးတစ်ခု ဖြတ်ပြေးလိမ့်မယ်လို့
တစ်ခါမှ ကျွန်တော်မတွေးတောခဲ့ဖူးဘူး ။

ဘဝကိုသမတ်ရိုးကျပဲဖြတ်သန်းခဲ့တဲ့ ကျွန်တော့်အတွက် သူဟာ တစ်ခုတည်းသော လှုပ်ခတ်မှု ။

တစ်ခုတည်းသော အလင်းရောင် ။

တစ်ဦးတည်းသော သူငယ်ချင်း ။

" ပြောလေ ဟေ့ကောင် ၊ စကားတွေအများကြီး ပြောရအောင် မလုပ်စမ်းနဲ့ "

အိမ်သာကအပြန် အင်္ကျီလည်ပင်းစအားဆွဲကာ နံရံမှာပစ်ကပ်လိုက်တာမို့ ကိုယ်လေးကျုံ့သွားရသည် ။

နဂိုကတည်းက စကားနည်းတဲ့သူဖြစ်တာတစ်ကြောင်း ။

ကြောက်ရွံ့စိတ်လည်းရှိသူမို့ ရန်ဖြစ်ဖို့ ကျွန်တော်တစ်ခါမှ မတွေးတောခဲ့ဖူးဘူး ။

" အဖတ်မလုပ်တာလား "

မျက်နှာအားဖျစ်ညှစ်ကာ မေးနေသည်မို့ ခေါင်းကိုသာတွင်တွင်ငုံ့ထားဖြစ်သည် ။

" ဒီခွေးကောင်ကတော့ "

မျက်နှာပေါ်ကျလာသည့် လက်သီးချက်နှင့်အတူ နေရာမှာကျွန်တော်ဒူးထောက်၍ကျသွားသည် ။

" ထ ယောက်ျားမဟုတ်ဘူးလား "

အင်္ကျီကနေ ကိုင်ဆွဲကာမလိုက်တာမို့ ပေလက်ယက်ကန်ကြွ၍လာသည် ။

" တောင်း တောင်းပန်ပါတယ် "

" ဘာရယ် ကျယ်ကျယ်ပြော "

" တောင်းပန်ပါတယ် "

" ယောက်ျားမဟုတ်ဘူးလား ၊ ကျယ်ကျယ်ပြောစမ်းပါ "

" ကြောက်တတ်တဲ့သူကိုဖြဲခြောက်နေတာ ယောက်ျားကောင်းတွေရဲ့စတိုင်လ်မဟုတ်ဘူးနော် "

ရှတတအသံရဲ့ လားရာက မျက်စိရှေ့နားဆီက ။

မဝံ့မရဲလေးမော့ကြည့်လိုက်တော့ ဆံပင်နက်နက်တွေကို သေသေသပ်သပ် ဆီလိမ်းဖီးသင်ထားတဲ့ ခပ်ချောချောမျက်နှာတစ်ခု ။

မျက်ဝန်းအောက်က မှဲ့နက်နက်လေးက ဖြူဖွေးနေတဲ့ မျက်နှာပေါ်မှာ ထင်းလို့နေသည် ။

You've reached the end of published parts.

⏰ Last updated: Jul 02, 2023 ⏰

Add this story to your Library to get notified about new parts!

💜 My Lavender 💜Where stories live. Discover now