Part 3

5.1K 597 43
                                    

Unicode

သူ့ရဲ့ကောင်းမှုကြောင့် ကျွန်တော် မိုးမိကာ တစ်ပတ်တိတိဖျားသွားခဲ့ပြီး ဒီနေ့မှ ကျောင်းပြန်တက်ဖြစ်သည်။

"ငါလစ်တော့မယ် .. ဟေ့ကောင်တွေ"

အတန်းတောင်မတက်ရသေး Yoongi က အတန်းရှေ့မှာပဲ လှည့်ပြန်ရန်လုပ်သည်။

"ဟမ် .. ဘာလို့လဲ .. အတန်းမတက်ဘူးလား"

Chenho က လွယ်အိတ်ကို လှမ်းဆွဲကာ မေးတော့ Yoongi က မအီမသာရုပ်ဖြင့်

"မတက်တော့ဘူးကွာ .. Jimin ကောက်နေလို့"

"Jimin က ဘာလို့ကောက်တာတဲ့လဲ"

ကျွန်တော်မေးလိုက်တော့ Yoongi မျက်နှာက ပိုပိုပြီး ရှုံ့မဲ့သွားကာဖြင့်

"မသိပါဘူးကွာ .. ဟိုးနေ့က နေ့လည်စာစားတုန်းက သူ့ကို မစောင့်ပဲ ငါက စားလို့တဲ့ .. ငါဖုန်းဆက်တော့ သူပဲ သူ့သူငယ်ချင်းတွေနဲ့စားမယ်ဆိုပြီးတော့"

Yoongi အပြောကို Chenho က ဆရာကြီးစတိုင်လ်ဖြင့် ခေါင်းညိတ်ရင်း

"ငါထင်သားပဲ .. Jimin တော့ ကောက်သွားပြီလို့ .. အဲနေ့က ငါမင်းကို ပြောတယ်လေ .. နေ့လည်စာကို သူ့ကိုမစောင့်ပဲ စားနေတယ်ဆိုပြီး စိတ်ကောက်နေဦးမယ်လို့"

"ဟ .. ဒါပေမဲ့ ငါဖုန်းဆက်ပြီး စားနှင့်တော့မယ်ပြောတော့ သူလဲ သူ့သူငယ်ချင်းနဲ့ပဲ စားတော့မယ်ပြောတာပဲလေ .. ကြည်ကြည်သာသာကြီးလေကွာ .. ဘယ်သူက စိတ်ဆိုးတယ်ထင်မှာလဲ"

"မဟုတ်သေးဘူးလေ .. မင်းက အမြဲသူ့ကိုစောင့်ပြီးမှ နေ့လည်စာစားနေကြ မဟုတ်လား .. မင်းကမစောင့်တော့ဘူး စားနှင့်ပြီဆိုတော့ သူတင်းပြီပေါ့ကွ"

Chenho အပြောကို Yoongi က ပြန်မဖြေပဲ သူ့ထုံးစံအတိုင်း မထုံတက်တေးဖြင့် နားထောင်နေသည်။

"ကဲ .. ထားပါတော့ .. သူက သူ့ရဲ့သူငယ်ချင်းတွေနဲ့ပဲ စားတော့မယ်လို့ပြောတော့ မင်းက ဘာပြန်ပြောလိုက်လဲ"

"ဘေဘီ့သဘောလို့ ပြောလိုက်တယ်"

"အဲတော့ သူက ဘာပြန်ပြောလဲ"

"အစ်ကိုလဲ ကြိုက်တာလုပ်ဆိုပြီး ဖုန်းချသွားတယ်"

Yoongi စကားအဆုံးမှာ ကျွန်တော် ခွက်ထိုးခွက်လန် အော်ရယ်မိသည်။ Chenho ကတော့ လုံးဝကို စိတ်ကောက်ခံရတာတောင် နည်းသေးတယ်ဆိုတဲ့အထာဖြင့် ခေါင်းတရမ်းရမ်း။

The Way Of KIMWhere stories live. Discover now