ဒီone shot လေးက
ကဘလအတွက်တစ်ထောင့်တစ်နေရာက ပါဝင်ကူညီးပေးခဲ့တဲ့
ညီမလေး Soe Moe Kyi အတွက် ရေးပေးထားတာပါ ။
ဒါလေးက ညီမလေး Soe Moe Kyi အပိုင်ဖြစ်ပါတယ်ရှင်။Someone, Please Drag Me Out Of This Fri Zone!
"ကျေးဇူးပြုပြီး တစ်ယောက်ယောက်က ငါ့ကို ဒီFri Zone ထဲကနေဆွဲထုတ်ပေးကြစမ်းပါ!!!" ကလင် ကလင် ကလင်! "
ကျောင်းခေါင်းလောင်းထိုးသည်နှင့်တစ်ပြိုင်နက် သက်ဆိုင်ရာစာဖြေခန်းအသီးသီမှ ပြေးထွက်လာကြသော ကျောင်းသားများမှာ မြင်းဇောင်းထဲမှ လွှတ်လိုက်သည့် မြင်းတွေနှယ် ဝရုန်းသုန်းကား။
အခန်းပြင်ရောက်သည်နှင့်
ငြင်းကြခုံကြဖြင့်အပြိုင်အဆိုင်အဖြေတိုက်ကြသူများ၊ စာမေးပွဲမေးခွန်းခက်၍ ငြီးတွားနေကြသူများနှင့် ကျောင်းဝန်းအတွင်း ဆူညံလို့နေသည်။" HanBin စာဖြေနိုင်လား "
စာမေးပွဲခန်းကထွက်သည်နှင့် တစ်ပြိုင်နက်
Zhan Hao လုပ်သည့်ပထမဆုံးအလုပ်မှာ
Sung HanBinအား စာဖြေနိုင်၊ မဖြေနိုင်မေးခြင်းပင်။Han Bin တို့ကျောင်းက ကျောင်းလခဈေးကြီးပြီး နာမည်ရှိသည့်Private School တစ်ခုဖြစ်သည်။
Han Bin က ရွှေဇွန်းကိုက်ပြီးမွေးလာသည့်အတွက် ဒီကျောင်းမှာ မူလတန်းကတည်းက တက်လာတာဖြစ်သည်။Haoကတော့ အလယ်တန်းရောက်မှသာ Scholar ရ၍ကျောင်းပြောင်းလာတာဖြစ်သည်။ Hao က တရုတ်လူမျိုးဖြစ်ပြီး သူ့မိဘတွေက ကွာရှင်းလိုက်တာကြောင့် မိခင်နဲ့အတူ Korea ကိုလိုက်လာတာလေ။ Hao ရဲ့ ပါပါးက တရုတ်ဖြစ်ပြီး မာမားက Korea ဖြစ်သည်။ တရုတ်သွေးစပ်တဲ့ Zhan Hao က စကားပြောလျှင် အနည်းငယ်အသံဝဲချင်ပြီး နားထောင်ရတာ လူကို
ကလိကလိဖြစ်စေည်။နာမည်ရ Private School ဆိုတဲ့အတိုင်းစာမေးပွဲမေးခွန်းတွေကလည်းပုံမှန်ထက်ပိုပြီးခက်လေသည်။ Haoက Scholar ရကျောင်းသားဆိုသည့်အတိုင်း စာအရမ်းတော်လေသည်။ ဥပမာဒီနေ့လို့ သင်္ချာဖြေတဲ့နေ့ဆို ကျောင်းသားအားလုံးနီးပါး မဖြေနိုင်တဲ့ ဉာဏ်စမ်းတွေက Hao အတွက်တော့ ပါမွှားလေးတွေဖြစ်သည်။ တွက်စာအားနည်းသည့်Han Bin ကတော့ ဉာဏ်စမ်းကြည့်ဖို့မပြောနှင့် ရိုးရိုးပုစ္ဆာကိုပင် အဖြေမှန်ထွက်အောင်မနည်းတွက်ယူရသည်။ဒါကြောင့်လည်း Hao က Han Bin မဖြေနိုင်မှာကိုစိတ်ပူနေတာပင်ဖြစ်သည်။
YOU ARE READING
Someone, Please Drag Me Out Of This Fri Zone
Short StoryFri zone ထဲက ရုန်းထွက်ကြတဲ့ကောင်လေးနှစ်ယောက်အကြောင်းပါ one shot မို့ အပိုင်းတိုလေးပါပဲ အများကြီးမမျှော်လင့်ထားဖို့ တောင်းဆိုပါရစေ။