လူတစ်ယောက်ဟာ MahaNakhan မိုးမျှော်တိုက်အစွန်းမှာထိုင်နေရင်း သူ့ရှေ့ကညမြင်ကွင်းကိုငေးကြည့်နေတယ်။ညကောင်းကင်ဟာ မြို့ရဲ့ညအလှနဲ့အတူ အပြိုင်လှပနေပြီး ဆန်းစသော်တာလမင်းဟာလည်း ငွေရောင်အကွေးလေးသဖွယ် ထွန်းလင်းတောက်ပနေ၏။ တလက်လက်နဲ့ကြယ်လေးတွေဟာလည်း နေမင်းကြီးလောက်မတောက်ပပေမယ့် လမင်းကြီးလိုမကြည်လင်ပေမယ့်လည်း သူ့အစွမ်းအစနဲ့သူ ကောင်းကင်ယံမှာတောက်ပနေ၏။
ဒါပေမယ့်လည်း အဲ့ကြယ်လေးတွေကဘဲ အိပ်မက်အလင်းရောင်လေးတွေကို ကမ္ဘာမြေကြီးဆီဆောင်ယူလာပြီး ထူးခြားလှပတဲ့ကမ္ဘာကြီးအဖြစ်ပြောင်းလဲပစ်လိုက်တာဘဲမလား။ သူ့ကိုတောင်ငေးမောသွားအောင်ဆွဲဆောင်နိုင်တဲ့ ကြယ်ကောင်းကင်ကြီးပေါ့။လေထုဟာမြူဆိုင်းနေသလိုဘဲ ပူနွေးစိုစွတ်မှုတွေနဲ့ပြည့်နှက်နေတယ်။ လမ်းမီးတွေ မီးလင်းနေတဲ့အဆောက်အအုံတွေ ဟိုဟိုဒီဒီသွားလာလှုပ်ရှားပြီး အသက်ဝင်နေတဲ့လမ်းတွေဟာ ညပုလဲလုံးတွေနဲ့တောင် အလားသဏ္ဍာန်တူနေသေးသည်။ သမုဒ္ဒယအလင်းရောင်နဲ့ညဟာ မှော်ဆန်ဆန်နဲ့လှပနေတဲ့ ဒီကမ္ဘာမြေကြီးကို အနက်ရောင်ခန်းဆီးကြီး လွှမ်းခြုံထားသယောင်...
Porscheဟာ မတည်မငြိမ်သက်ပြင်းမောတစ်ခုကို ချလိုက်ပြီး နောက်ထပ်စီးကရက်တစ်လိပ်ကို မီးညှိပြီး ရှိုက်လိုက်တယ်။အနောက်ကတိုင်ကို ခေါင်းမှီချလိုက်ရင်း ဆေးလိပ်ငွေ့တွေကို နှုတ်ခမ်းပါးတွေဆီကနေ အသာအယာမှုတ်ထုတ်လိုက်၏။ ဆေးလိပ်ငွေ့တွေဟာ ငှက်မွှေးလိုအထိအတွေ့မျိုး နူးညံ့ပွတ်သပ်ပေးမှုလေးနဲ့တောင်ပိုတောင်တူသေးသည်။ ဆေးလိပ်ငွေ့တွေတရစ်ရစ်နဲ့ မှုန်ဝါးပြီး မပျောက်ကွယ်ခင်အထိ သူ့မျက်ဝန်းတွေဟာ ဆေးလိပ်ငွေ့တွေရဲ့ ဦးတည်ရာကို တဆုံးလိုက်ကြည့်နေမိတယ်။
အဲ့နောက်မှာ Porsche ဟာ သူ့ဘေးက ဘီယာဘူးတွေကို လှည့်ကြည့်လိုက်မိတယ်။ တချို့က အခွံလွတ်တွေ...တချို့က ဖွင့်တောင်မဖွင့်ရသေးပေ...
သူဟာ ချက်ချင်းဘဲ ဘီယာတစ်ဘူးကိုဆွဲယူလိုက်ပြီး သူ့ရှိသမျှလက်ကျန်အင်အားလေးနဲ့ တစ်ကျိုက်တည်း မော့ချလိုက်တယ်။ Porsche ခေါင်းကိုခါယမ်းလိုက်ပြီး
"ငါမသောက်သင့်တော့ဘူး...ငါနောက်တစ်ခေါက်ထပ်သောက်ရင် Chay ကော Kinn ကောကြိုက်မှာမဟုတ်ဘူး...”
YOU ARE READING
KP short stories (MM Trans)
FanfictionT/N: THESE STORIES ARE NOT MINE!!!!!! This is just Fan translation of KP short stories! All crd to original writers. Cover photo crd::::