Unicode
ငယ်ငယ်လေးထဲက သံယောဇဥ် ၊
ဒီသံယောဇဥ်ကြိုး ချည်ပြီးရင်ဖျက်ရခက်တယ်...သေချာတာကမင်းဖြစ်နေလို့ပဲထင်ပါတယ် ။"အီး..ဟီး...ဟီး..."
Jungkookတစ်ယောက် အုတ်ခုံလေးပေါ်မှာထိုင်ကာ ဆေးလိပ်ဖွာနေစဥ် သူ့စီငိုပြီးလာနေတဲ့ အရိပ်လေး၊ ဘာများဖြစ်လို့လဲလို့ ရင်ထဲထိတ်ခနဲဖြစ်သွားသည်။ ဖွာလက်စ ဆေးလိပ်ကို အောက်ပစ်ချကာ ခြေထောက်နဲ့ နင်းပစ်လိုက်သည်။
"အဲ့ဒါ ဘာဖြစ်လာတာလဲ..."
"အီး...ဟီး...ဟီး....Jungkook ငါ့ကိုလေ ဟိုကောင်တွေ အနိုင်ကျင့်တယ် ငါ့မျက်နှာကိုကြည့်ဦး သူတို့ဝိုင်းထိုးလိုက်တာ..."
Jungkookလည်း Taehyungပြမှ Taehyungမျက်နှာကိုကြည့်မိသွားသည်။ မျက်နှာမှာဖူးယောင်ကာ နှုတ်ခမ်းကလည်းသွေးစို့လို့နေသည်။ Jungkookမှာ Taehyungမျက်နှာကိုကြည့်ကာ ဒေါသအလိပ်လိုက်ထွက်တော့သည်။
"တောက်...မင်းမျက်နှာကို ဘယ်သူထိုးလိုက်တာလဲငါ့ကိုပြောစမ်း၊မင်းကို အဲ့လောက်တောင်ထိုးလိုက်တာကို မင်းက ဒီတိုင်းခံလာရလား မင်းမှာလက်တွေခြေတွေမပါဘူးလား ပြန်ထိုးပါလား... "
"သူတို့က လူအများကြီး ငါကတစ်ယောက်ထဲ ငါဘယ်လိုလုပ်ပြန်ထိုးနိုင်မှာလဲ..."
"ထားတော့ မင်းနဲ့ငါနဲ့နောက်မှ စာရင်းရှင်းမယ် အခုအဲ့ကောင်တွေရှိတဲ့စီ ငါ့ကိုခေါ်သွား....မင်းတစ်ယောက်ထဲမို့ ပြန်မထိုးရဲဘူးနော်... အဲ့လူအများကြီးကို ငါတစ်ယောက်ထဲထိုးပြမယ် မင်း
ကြည့်နေ....."Taehyungလက်ကိုဆွဲကာ Taehyungကိုထိုးလိုက်တဲ့ လူတွေစီလိုက်ပို့ခိုင်းလိုက်သည်။
ဘောလုံးကွင်းတစ်နေရာအရောက် ။
"ဟိုမှာ...အဲ့ကောင်တွေ..."
Jungkookလည်း Taehyungပြတဲ့စီ ကိုကြည့်လိုက်သည်။ အဖွဲ့က 11ရောက်လောက်ရှိသည်။
Jungkookကတော့မကြောက် ထိုကောင်လေးတွေရှိရာစီလျှောက်သွားလိုက်သည်။"မင်းတို့လား ငါ့သူငယ်ချင်းကို ထိုးလိုက်တာ..."
Jungkookပြောတော့ ထိုကောင်လေးတွေလဲ Jungkookကိုကြည့်မိသည်။