Part-2

205 26 4
                                    

Unicode

Taehyungတို့ခြံရှေ့ရောက်တော့ စက်ဘီးလေးကိုရပ်လိုက်သည်။

ခြံတံခါးဖွင့်မယ်အလုပ် ပို့စကဒ်လေးတစ်ခုနှင့် ပါဆယ်ထုတ်လေးတစ်ခုပြုတ်ကြလာသည်။

"ဟင်..."

Taehyungလည်း ပို့စကဒ်လေးနဲ့ပါဆယ်ထုတ်လေးကို ကောက်ယူလိုက်သည်။

Jungkookတစ်ယောက် Taehyungစီက
အထုတ်ကိုဆွဲယူလိုက်သည်။

"ရောက်လာပြန်ပြီ ဒီပါဆယ်ထုတ်တွေ ဘယ်အချိန်ထိပို့နေမှာလဲမသိဘူး... နောက်နေ့ကြရင် အမိကိုဖမ်းဦးမယ်..."

"တော်ပါတော့ကွာ အဲ့ပစ္စည်းတွေမင်းယူသွားမှာမှတ်လား ယူသွားတော့ ငါနားညီးမခံနိုင်ဘူး..."

"သိရင်ပြီးရော အိမ်ထဲဝင်တော့ ငါရေချိုးပြီးရင် မင်းစီလာခဲ့မယ်..."

Taehyungလည်း Jungkookကိုလက်ပြကာ အိမ်ထဲဝင်သွားတော့သည်။

Jungkookတစ်ယောက်အိမ်ပြန်ရောက်တော့ Taehyungကိုပေးတဲ့ ပို့စကဒ်ထဲက စာကိုဖတ်ကြည့်နေသည်။

ပို့စကဒ်ထဲမှာ For youဆိုပြီးရေးထားပြီး
နောက်စာကြောင်းတစ်ကြောင်းမှာတော့

မင်းရဲ့ အရိပ်လေးလို့ရေးထားခြင်းဖြစ်သည်။

"လာပြန်ပြီ မင်းရဲ့အရိပ်လေး... တောက်... ရေးတဲ့လူက အဲ့စာကြောင်းတစ်ကြောင်းပဲရေးတက်လားမသိဘူး အမြဲ ဒီစာကြောင်းပဲရေးနေတာပဲ...."

ပြောပြောဆိုဆိုနဲ့ Jungkookတစ်ယောက် ထိုပို့စကဒ်ကိုလုံးခြေကာ အမှိုက်ပုံးထဲထည့်ပြစ်လိုက်သည်။

ပါဆယ်ထုတ်ကိုဖောက်ကြည့်တော့ ချောကလက်တွေနဲ့မုန့်တွေဖြစ်နေပြန်သည်။

"ဒီမုန့်တွေကြီးပဲအမြဲပေးနေတာ Taehyung
ဒီမုန့်တွေ ကြိုက်မှန်းဘယ်လိုသိလဲမသိဘူး ..ငါတစ်နေ့တော့မိအောင်ဖမ်းပြမယ်...."

Jungkookလည်း မုန့်တွေနဲ့ချောကလက်တွေကိုအံဆွဲထဲထည့်လိုက်သည်။

Taehyungမှာလည်း သူ့စီအမြဲ ရောက်ရောက်လာတဲ့ပို့စကဒ်နဲ့လက်ဆောင်ပစ္စည်းတွေကို ဘယ်သူပို့ပေးလဲ သိချင်နေမိသည်။ Jungkookနဲ့သူနဲ့ပို့တဲ့လူကို ဖမ်းပြန်တော့လည်းတစ်ခါမှမမိ။

သံယောဇဥ်ကြိုး🐰🐻Where stories live. Discover now