intro

8 3 3
                                    

" စိုင်းဝေ  ကိုယ့်ကို ချစ်လား"

သူပြောတော့စိုင်းဝေကပြုံးတယ်....
နှစ်နှစ်ခြိုက်ခြိုက်ကိုပြုံးတယ်...

ပြီးတော့ စိုင်းဝေ ကဖြေတယ်

" ဟင့်အင်း....ကျွန်တော် ခင်ဗျားကိုမချစ်ဘူး....
ခင်ဗျားမရှိဘဲ ကျွန်တော် မရှင်သန်နိုင်ရုံလေးပါ ကျွန်တော်  ခင်ဗျားကို မချစ်ပါဘူး..."

////

စိုင်းဝေ....

တနည်းအားဖြင့် စိုင်းသက်ဝေ

စိုင်းဝေဘယ်ကရောက်လာလဲသူမသိဘူး

စိုင်းဝေရဲ့အသက်အမှန်ကိုလဲသူမသိဘူး

သူသိတာ သူ့ရဲ့စိုင်းဝေဟာ ရင်ခွင်လိုနေတဲ့ ကလေးငယ်ပါပဲ

ကျွန်တော့်စိုင်းဝေ

စိုင်းဝေ ဟာ သိပ်လှတယ်

စိုင်းဝေဟာ သိပ်ကို သိပ်ကိုဆန်းကြယ်တယ်.....

သကြားလုံးတွေကိုကျန်းမာရေးနဲ့မညီညွှတ်လို့မစားဖူးဆိုတဲ့ စိုင်းဝေဟာ ဝိုင်နီနဲ့စီးကရက်ကိုတော့စွဲ''မြဲ​''သောက်ပါရဲ့...

ကျွန်တော်သိပ်ချစ်တဲ့ ' စိုင်းဝေ'ဟာသိပ်ကိုဆန်းကြယ်ပါတယ်...
//

သူ့ရှေမှာ စိုင်းဝေ ရှိနေတယ်....
သာမန်နေ့တွေလိုပါပဲ..... သူဟာ စိုင်းဝေ ကိုငေးနေမယ်
စိုင်းဝေ ဟာ ဝိုင်သောက်နေရင်း သူမေးတဲ့ ခပ်ကြောင်ကြောင်မေးခွန်းတွေကို ဖြေနေလိမ့်မယ်....။

__________________________________

'သွန်းသွန်း

မုန်တိုင်းများကြား  ဖမ်းဆုတ်ရန်ခက်ခဲလွန်းသောအရာWhere stories live. Discover now