ခြံထဲကိုသူဖြေးဖြေးချင်းထွက်ကြည့်လာတယ်
အိမ်ကလူတချို့က ပြင်ဆင်စရာရှိတာတွေပြင်နေတာမို့
ဘယ်သူမှသူ့ကိုအာရုံမထားမိဘူး....၂၀၀၈ ခုနှစ်မှာဖြစ်သွားတဲ့မုန်တိုင်းဟာသူတို့အိမ်ကိုလဲ အနည်းနဲ့အများ သက်ရောက်မှုတော့ရှိတယ်...
ခိုင်ခံတဲ့အိမ်မို့ အနည်းငယ် ထိခိုက်တာက လွဲရင် အပျက်အစီးသိပ်မများ
ခြံဝင်းကြီးအတွင်းက အပင်တွေကတော့ မုန်တိုင်းရဲ့လက်ချက်ကြောင့်ပြုတ်ကျနေတဲ့သစ်ကိုင်းတွေ ပြုတ်ကျလိုကျ သိပ်လှတဲ့သစ်ခွပင်တွေကလဲအောက်ကိုကျလိုကျ
ကြီးမားတဲ့ပိတောက်ပင်ကြီးကတော့ သိပ်မပျက်စီးပေ...အပျက်အစီးတွေကဖြည်းဖြည်းချင်းကျော်သွားရက်နဲ့ခြံပြင်ကိုသူထွက်လာခဲ့တယ်....
အပြင်ကလမ်းမှာလဲထူးမခြားနား လွင့်လာတဲ့သွပ်ပြားတွေကိုလိုက်ကောက်နေတဲ့သူတွေလဲရှိတယ် သူလမ်းထိပ်ကိုထွက်လာကြည့်ရင်း
လမ်းသွယ်တစ်ခုမှာ လက်တစ်ဖက်ပေါ်နေတယ်
သူရင်ထဲထိပ်ခနဲဖြစ်သွားပြီး သွားကြည့်လိုက်မိတော့ကောင်လေးတစ်ယောက် တိတိကျကျပြောရရင်တော့ သိပ်ချောတဲ့ကောင်လေးတစ်ယောက်
သူကောင်လေးကိုအတော်အကြာငေးမိပြီး သတိဝင်လာတော့ ကောင်လေးကိုစမ်းစစ်ကြည့်တော့ အသက်ရှူနေသေးတာမို့ အမြန်ကုန်းပိုးပြီး အိမ်ဆီပြေးလာမိတယ်...
၁၆ နှစ်အရွယ်ကောင်လေးတစ်ယောက်ဟာ အရမ်းမသန်မာသေးပေမဲ့လည်း သူရအောင်ခေါ်လာမိတယ်
အခုချိန် သူ့ခေါင်းထဲမှာ ရှိနေတာ ကျောပေါ်ကလူအန္တရယ်ကင်းဖို့ပဲ"လေးလေးရေ လေးလေး"
သူအိမ်ထဲပြေးဝင်လာပြီးအော်တော့ လေးလေးဖိုးက ထွက်လာတယ်
"ဟယ် သား ဘာဖြစ်လာတာတုန်း
သူကရော ဘယ်သူလဲ"လေးလေးအမေးကိုသူမဖြေအား
"လေးလေးရယ် ကျွန်တော့်ကိုကူပါအုံး
သူ့ကိုကယ်ပေးပါ လေးလေးရယ်"သူပြောမှ လေးလေးလဲ သတိဝင်ပြီး မမမေသဲကို သွားခေါ်တယ်
မမမေသဲက လေးလေးဖိုးရဲ့သမီး ဆရာဝန် မို့ သူကယ်နိုင်လောက်မှာပါ