ပထမနေ့
တနေကုန် ကိုကို့ကို မတွေ့ရပါ မနက်စာလဲ အစောရီးစားသွားတယ် နေ့ခင်းစာရော ညစာရော အခန်းထဲပို့ပေးရတယ်တဲ့
ဒုတိယနေ့
ကိုကို့ကိုတွေ့ချင်လို့ မနက်အစောရီး ထပြီး မုန့်စားတာ ကိုကိုက သူလာတော့ ထထွကိသွားမလိုလုပ်တော့
"ဟင့်အင်း ကိုကို ဆက်စားလိုက်နော် သားလုပ်စရာလေးရှိလို့ သွားပြီဗျာ"
ခေါင်းပဲညွတ်ပြလိုက်ပြီး ဆက်စားနေတယ်
ကိုကိုတကယ် စိတ်ကုန်သွားပြီထင်တယ်
တတိယနေ့
သင်ချာကျူရှင်မှာ စာမေးပွဲအမှတ်ပြည့်ရတဲ့ result နဲ့ ချော့ရမယ်
ဒေါက်ဒေါက်ဒေါက်
"ဝင်ခဲ့"
ဘာလာလုပ်တာလဲဆိုတဲ့အကြည့်နဲ့ကြည့်တော့
"အမှတ်စာရင်း လက်မှက်ထိုးခိုင်းမလို့ပါကိုကို"
"တင်ခဲ့လိုက်"
ထွက်မသွားသေးပဲ မတ်တပ်ရပ်နေတော့
"ဘာပြောမလို့လဲ"
"ဟို...ဟိုဟာ"
"သားအမှတ်ပြည့်ရလို့ ဆုမချချင်ဘူးလား"
"ဆက်ပြော"
"စိတ်မဆိုးပါနဲ့တော့လားဟင်"
"ကိုယ့်ကိစ္စပါ"
"ပြောစရာမရှိရင် မင်းပြန်တော့"
"ကိုကို ထပ်ရိုက်ချင် ရိုက်ပါကိုကိုရယ် ခုလို စကားမပြောတော့ ဝမ်းနည်းတယ် ကိုကိုရယ်"
"သားသွားတော့မယ် ဟင့်"
ရုတ်တရပ်မျက်ရည်ဝဲပီး ငိုလာပြီး အခန်းထဲက ထပြေးသွားသောကလေးငယ်
"ဟင်း.......ဒီကလေးနဲ့တော့"
========================
ည၁၁လောက်အချိန်တွင်
"ဒေါက် ဒေါက် ဒေါက်"
"ဝင်ခဲ့ပါ"
"ကိုကို!"
"အွန်း"
မျက်လုံးတွေဖောင်းအစ်နေပုံကြည့်တာ ငိုထားတာ အတိုင်းသား