ငါ့ကိုအလိုလိုက်လွန်းတဲ့ဇနီးချောလေး

2.2K 154 0
                                    

Part 14

စားသောက်ဆိုင်အပြင်အဆင်က သူမခန့်မှန်းထားတာထက် ပိုကောင်းမွန်နေတယ်။ စားသောက်ဆိုင်အတွင်းမှ တောက်ပနေတဲ့စကျင်ကျောက်ကြမ်းခင်းများက လူတိုင်းရဲ့အရိပ်ကိုရောင်ပြန်ဟပ်နေစေတယ်။ လူတိုင်းကလဲ သစ်လွင်တောက်ပနေသလို လှပတဲ့အမျိုးသမီးတစ်ယောက်ကလဲ အလယ်မှာထိုင်ပြီး ပီယာနိုတီးနေတယ်။ ဒီစားသောက်ဆိုင်က သာမာန်စားသောက်ဆိုင်မဟုတ်မှန်း သူမ ကြည့်ရုံနဲ့ ခန်းမှန်းမိလိုက်တယ်။

သူမအံ့ဩသွားရပြီး ဒီစားသောက်ဆိုင်မှာစားမယ်ဆိုရင် ဈေးကြီးမယ်ဆိုတာ မေးကြည့်စရာမလိုအောင် သိနိုင်တယ်။

သူမ ကျိယန်ရဲ့လက်ကိုအမြန်ဆွဲလိုက်တယ်။

ဘာဖြစ်လို့လဲ...

ကျိယန် သူမကိုနားမလည်နိုင်စွာနဲ့ကြည့်လိုက်တယ်။

သူမက ၀န်ထမ်းတွေကြားသွားမှာကိုစိုးရိမ်ပြီး အနားတိုးသြားကာ သူ့နားကိုကပ်၍ တိုးတိုးလေးပြောလိုက်တယ်

ဒီနေရာကဈေးကြီးမယ့်ပုံပဲ အထဲမဝင်ပါနဲ့တော့ အဲ့ဒါက အလဟသဖြစ်နေလိမ့်မယ် ကျွန်မ ရှင်နဲ့ပေါင်ပေါင်အတွက် အိမ်မှာချက်ပေးနိုင်ပါတယ် ကျွန်မတို့ဒီနည်းလမ်းနဲ့ ပိုက်ဆံအကုန်အကျ သက်အောင်လုပ်လို့ရပါတယ်...

အခုအချိန်က ကျိယန် တစ်ယောက်တည်းကသာ အိမ်အတွက်ပိုက်ဆံရှာနေရတာဖြစ်တယ်။ ပေါင်ပေါင်နဲ့သူမရဲ့ဘ၀က သူ့အပေါ်မှီခိုနေရတာဖြစ်ပြီး အန်တီလီရဲ့လုပ်အားခကလဲရှိသေးတယ်လေ။ သူ့လစာကအများကြီးမဟုတ်ဘူး, အဲ့ဒါကြောင့် သူမတို့ပိုက္ဆံကို အလွယ်တကူမဖြုန်းသင့်ဘူး။

ထန်ထန် ကသူ့ကိုအဲ့လိုပြောမယ်လို့လုံး၀မျှော်လင့်မထားတဲ့အတွက် ကျိယန်အေးခဲသွားတယ်။ သူမက ပိုက်ဆံတွေစုဖို့နဲ့ မဖြုန်းဖို့အတွက်ကို တကယ်ကြီးတွေးနေတာပဲ။

အရင်တုန်းကဆိုရင် သူမလက်ကိုဖြန့်ပြီး သူ့ဆီကပိုက်ဆံအမြဲတောင်းနေကျ။ လစဉ်အသုံးငွေတောင် သူမကဘယ်တုန်းကမှ လုံလောက်ခဲ့တာမဟုတ်ဘူး အခုတော့သူမက

လတ်တလောသူ့ခံစားချက်ကိုဖော်ပြဖို့က အတော်လေးခက်ခဲသွားတယ်။ ကျိယန် ပြန်ဖြေလိုက်တယ်

ငါ့ကိုအလိုလိုက်လွန်းတဲ့ဇနီးချောလေးWhere stories live. Discover now