ဒီနေ့မှာတော့ schedule က စောပြီးခဲ့ပြီး Stray Kids တစ်ဖွဲ့လုံး dorm သို့ စောစောပြန်ရောက်လာကြသည်။
မနှစ်ကအထိ roommate နဲ့အတူ မျှသုံးခဲ့ကြ
ပေမယ့် ဒီနှစ်ကစပြီး ကိုယ်ပိုင်အခန်းကိုယ်စီ ရခဲ့ကြသည်။
တစ်နေ့တာ ပင်ပန်းခဲ့တာများအတွက် အရင်ဆုံးအနားယူဖို့လိုအပ်သည်ကြောင့် မိမိအခန်းသို့မိမိ ဦးတည်သွားကြလျက်။
.
.
.
ဧည့်ခန်းကဆိုဖာပေါ်တွင် ChangBin တစ်ယောက်ထဲ ဘောလုံးပွဲထိုင်ကြည့်နေသည်မှာ တစ်နာရီလောက်ပင် ကြာသွားခဲ့ပြီး တစ်ယောက်ဆိုတစ်ယောက်မှ အခန်းအပြင်သို့
ထွက်မလာသေးဘဲ တိတ်ဆိတ်နေကာ လေထုဟာ ငြိမ်သက်လျက်။
“immmm”
သူ၏ခါးကို ဆန့်ထုတ်လိုက်ပြီး ဘေးဘီဝဲယာကို ပြန်ကြည့်လိုက်သေးသည်။
“တကယ်ကြီးဟ”
ငူငူငိုင်ငိုင်ကြီးထိုင်ရင်း အထီးကျန်သွားတဲ့ခံစားချက်ဟာ သူ့နဘေးမှာ ပျံသန်းလို့။
“huh ! ဘယ်လိုဖြစ်လို့ တစ်ယောက်မှတောင်မရှိရတာလဲ ..”
“ဂွီ ~”
“ဒီအချိန်ကြီးမှ သောက်ဗိုက်က လာဆာတာတစ်မျိုး ~~”
ChangBin သူ့ဗိုက်သူပွတ်ရင်း ဘာလုပ်ရကောင်းမလဲဟုသုံးစက္ကန့်လောက်စဉ်းစားလိုက်ပြီးမှ အကြံရသွားဟန်ဖြင့် သူ့ရဲ့မူပိုင်အပြုံးကြီးပေါ်ထွက်လာကာ Hyunjin အခန်းဆီသို့ ဦးတည်သွားသည်။
“Hyunjin naaaaa”
အိပ်ရာပေါ်၌ ဖုန်းတစ်လုံးဖြင့် တုပ်တုပ်မှပင်မလှုပ်ဘဲ မျက်လုံးစွေကာဖြင့် ကြည့်လာပြီး
“ဘာလဲ Hyung”
“ဝက်ခြေထောက်သွားစားရအောင်”
ဖွေးဖွေးညီနေသည့် အပေါ်အောက်သွားများကို စေ့ကာပြုံးရင်းပြောလိုက်တော့ Hyunjin အချိန်ကိုကြည့်လိုက်သည်။
“၁၁ နာရီတောင်ခွဲနေပြီနော် Hyung !!”
“အင်းလေ သိတယ်လေ”
YOU ARE READING
SHIPS
Fanfiction| SKZ's real life ver; but just for entertainment only | -written in Burmese -collaborate with Dannik_tj