One

139 23 0
                                    

"ငါမလုပ်နိုင်ဘူး မမ ငါ့ကိုနင်ကျန်တာပြော"

"ကင်ဂျွန်မြောင် နင်ငါ့ကိုပြန်ပြောရဲတယ်!"

"မဟုတ်ဘူးလေဟာ အခုဟာက. . ."

"ငါကလဲတကယ်မဖြစ်မနေမို့နင့်ဆီကအကူအညီယူနေတာ မဟုတ်ရင်ဝေးသေး

အဲ့သီချင်းကို ငါတကယ်မဆိုနိုင်ဘူးဖြစ်နေတာနင်လဲအသိ နောက်ပြီးနင်လဲဆိုနိုင်နေတာပဲ
ပြီးတော့ငါတို့ကအမွှာတွေ နင်သာမိန်းကလေးလိုဝတ်စားရင်ငါနဲ့တစ်ပုံစံတည်းလေဟာ "

"ဒါပေမယ့်. . ."

"ဒါပေမယ့်မနေနဲ့ သွားစမ်းပါ
ဂါဝန်သွားဝတ်ချည် ဆံပင်အတုလဲ
ငါသေချာပြင်ထားပြီးပါပြီဟ သွား သွား "

အသက်အရွယ်ရွယ်တူဖြစ်ပေမယ့် တစ်အိမ်လုံးရဲ့အချစ်တော် ဂျွန်ဟီးကို ဂျွန်မြောင်ကြောက်ရသည်

ဆယ့်ရှစ်နှစ်အရွယ်လူပျိုပေါက်မို့ အရှက်ကြီးပေမယ့် စိတ်ဒုံးဒုံးချကာ
ပန်းရောင်ဂါဝန်တိုလေးကိုဝတ်လိုက်ရတယ်

ဒူးထိဖုံးတဲ့ခြေအိတ်ရှည်ဖြူဖြူတို့က
အနည်းငယ်မဲနက်စပြုနေတဲ့ခြေသလုံးမွှေးတို့ကို ဖုံးကာပေးသည်

ကျောလည်ထိဆံပင်ရှည်ကိုခေါင်းပေါ်တင်စွပ်ပြီးချိန်မှာတော့ ဂျွန်ဟီးနဲ့ဂျွန်မြောင်ကို
ခွဲခြားသိရှိနိုင်သူကဘုရားသာရှိလိမ့်မည်

ဂျွန်ဟီးကသူ့အလိုကြ မျက်နှာကိုမိတ်ကပ်ပါးနီခြယ်သပေးသည်

ပန်းရောင်ရှပ်ပြေးနေတဲ့ ဂျွန်မြောင့်ရဲ့နှုတ်ခမ်းသားတို့ကို နီရဲရဲနှုတ်ခမ်းနီကိုဆေးတင်ပြီးနောက် အဖေ၊အမေတို့နဲ့အတူ
ကျောင်းကိုထွက်ခဲ့ရတော့သည် ။

. . . . .
. . . . .
. . . . .

"ဆယ်ဟွန်း မင်းကမကြာခင်debutရတော့မှာ အခုကတည်းက fanတွေရှိအောင် ကြိုးစားဖျော်ဖြေရမယ်နော် ကြားလား "

"စိတ်ချပါ အစ်ကိုရဲ့ ကျွန်တော်
သေချာလုပ်မှာပါ "

"J&J ကနေ ဒီနေ့အတွက် လွှတ်လိုက်တဲ့
traineeလားဗျ "

"ဟုတ်ပါတယ်ဗျ. . "

မန်နေဂျာအစ်ကိုကပြန်ဖြေလိုက်သည် ။

Come And Hug MeWhere stories live. Discover now