ဆရာYoo Young Jinတစ်ယောက် သူ့တပည့်များဖြစ်သည့် xoxo first yearကျောင်းသားများကို အနုပညာ စာမေးပွဲအကြောင်း ရှင်းပြနေသည်။ 'အသင်းတစ်သင်းစီမှာ အဖွဲ့နှစ်ဖွဲ့ခွဲပြီး ယှဉ်ပြိုင်ရမယ်။ အသင်းက နှစ်သင်းဆိုတော့ အဖွဲ့လေးဖွဲ့ ရှိလိမ့်မယ်။ အမှတ်ပေး စည်းမျဉ်းကတော့ ပရိတ်သတ်ပေးတဲ့ မဲအရေအတွက် အတိုင်းပဲ။ အသင်းခေါင်းဆောင်က ဇာတ်နှစ်ခုလုံးရဲ့ ဆရာအဖြစ် တာဝန်ယူရမယ်။ ခေါင်းဆောင်တွေကိုတော့ အားလုံးကရွေးချယ်ထားတဲ့ Kiss Team အတွက် Chen၊ Hug Teamအတွက် Layတို့က တာဝန်ယူ ပေးလိမ့်မယ် ကဲ မရှင်းတာရှိကြလား။' Yoo Young Jin၏ မေးခွန်းကို xoxo first year ကျောင်းသားအားလုံး 'မရှိပါဘူး ဆရာ' 'ဒါဆို ပြိုင်ပွဲစဖို့ လုပ်ကြတော့'
Tarzan (Hug Team)
စူပါမော်ဒယ်တစ်ယောက်လို ပြင်ဆင်လာသော Krisတစ်ယောက် ဤဇာတ်လမ်းမှာ သူ့အတွက်ရှိုးပဲ့သည်ဟု ထင်မြင်လျှက် စိတ်ပျက်လက်ပျက်ပုံစံဖြင့် သစ်တောလေးထဲမှ ထွက်လာသည်။ 'Ahhhh သူများတွေကျတော့ စင်ဒရဲလားတို့ ရိုမီယို၊ ဂျူးလိယက်တို့ ရော်ဘင်ဟုဒ်တို့လို ရိုမန့်တစ်ဇာတ်ကားမှာ သရုပ်ဆောင်ရပြီး ငါ့ကျမှ ဘာTaozanရဲ့ မင်းသမီးဟုတ်လား။ ဇာတ်လမ်းတစ်ပုဒ်လုံး ဟိုကိုယ်လုံးတီးအကောင်နဲ့အတူ မျောက်လို ဟိုခုန်ဒီခုန်နဲ့ ဒီတောထဲမှာ ပြီးသွားမှာပေါ့ စိတ်ပျက်စရာကောင်းလိုက်တာ Yaa Jungle is not my style' ထိုအချိန်တွင် သူ့ထံသို့ အရပ်လေးမျက်နှာမှ ပိုးကောင်မွှားကောင်များ ရောက်ရှိလာလေ၏ 'အားးးး ဘယ်က ပိုးကောင်တွေလဲ Spider is not my style, Scorpion is not my style, Snake is not my style' ဤကဲ့သို့ Krisတစ်ယောက် ခုန်ဆွခုန်ဆွနှင့် ပြာယာခတ်နေတုန်း သစ်ပင်ပေါ်မှ အရာဝတ္တုခပ်ကြီးကြီးက သူ့ရှေ့သို့ ပြုတ်ကျလာသည်။ '၀ုန်းးး' 'အမလေး' သေချာကြည့်လိုက်တော့မှ အပေါ်ဗလာကျင်းလျှက် ခွန်အားဗလ ပြထားပြီး ကျားသစ်ဆင် ဘောင်းဘီရှည်ဝတ်ဆင်ထားသောTaoက လက်ထဲတွင် ပိုးသတ်ဆေး၂ဘူး ကိုင်ထားသည်ကို တွေ့ရသည်။ 'ယားး Taozanလာပြီကွ Galaxy မိန်းမလှလေးကို ကယ်တင်ဖို့ Taozan ရောက်ရှိလာပါပြီ ယာ့ ယိ ယို့ ရှဲ ရှဲ ရှဲ ရှဲ' ပိုးသတ်ဆေး၂ပုလင်းနှင့် အသားကုန်ဖြူးနေသော Taoကိုကြည့်ပြီး Krisမျက်လုံးပြူးသွားသည်။ 'အခု အဲဒါ ဘာလုပ်နေတာလဲဟင် တာဇံကားမှာ ပိုးသတ်ဆေးဘူးပါတာ တခါမှ မကြားဖူးဘူး။' 'ဟာ အရင်တာဇံတွေက ၀ူရှုးမသင်ခဲ့ရဘူးလေ အခုဝူရှုးပန်ဒါတာဇံကတော့ ကိုယ်ဖော့သိုင်းနဲ့ မြို့ထဲကိုသွားပြီး ပိုးသတ်ဆေးဘူး ၀ယ်လာတာ ဟီး ဟီး' 'ဟွန်း အကောင်ကြီးသလောက် ဥာဏ်သေးပုံက ဒီမှာ ဒါကဇာတ်လမ်းရိုက်နေတာလေ အားလုံးကအရုပ်တွေကြီးပဲ ပိုးသတ်ဆေးသုံးလို့ရမလား။ ရှင်းချင်ရင် ဟိုဘက်ဒီဘက် ဒုတ်နဲ့ကော်ထုတ်လိုက်' 'အော် ဟုတ်ကဲ့ပါ ခင်ဗျ' (ဟွန့် ငါ့မှာတော့ သူကြောက်မှာစိုးလို့လဲ ဖြေရှင်းပေးရသေး မျက်နှာသာလည်း မပေးဘူး။ တကယ်ဆို ငါကသူ့ထက်တောင် ပိုကြောက်သေးတယ်)
YOU ARE READING
XoXo First Year (one shot) များ
Teen Fictionဒီ Ficတွေက တပိုင်းကို တဇာတ်ပြီးမှာပါ တခုနဲ့တခု အဆက်စပ်မရှိပေမယ့် ကျောင်းသားficမျိုးကို တစုတစည်းတည်း ဖတ်စေလိုတဲ့သဘောနဲ့ တစုတည်းတင်ဖြစ်တာပါ တချို့ဟာက ရေးထားတာတော့ ကြာပါပြီ ကျောင်းသားပုံစံ ကာရိုက်တာမျိုးကို ကျွန်မစာရေးသူကိုယ်တိုင် သဘောကျတဲ့အတွက် ပြန်တင...