ဈေးရောင်းပွဲတော်

431 48 4
                                    

အခုလို အေးချမ်းတဲ့ ဒီဇင်ဘာလ ရောက်ပြီဆိုရင်ပဲ xoxo တက္ကသိုလ်ရဲ့ ပွဲတော်အစီအစဉ် စတင်လို့လာပါပြီ Stage Show အစီအစဉ် ချားရဟတ်အပါအဝင် ကစားနည်းအမျိုးမျိုးလည်း ပါတာကြောင့် Chanyeolတို့ Baekတို့လို အဆော့သန်သူတွေအတွက် စိတ်ကြိုက်ပါပဲ…
ကျောင်းသားတွေ အကြိုက်တွေ့သလောက် Chenတို့လို ဆရာမတွေအတွက်တော့ ခေါင်းကျိန်းစရာပါ "အခန်းတိုင်း မဖြစ်မနေ ရန်ပုံငွေပွဲအတွက် ဆိုင်ဖွင့်ရမည်" တဲ့ ဆိုင်ထိုင်ခိုင်းဖို့ကျောင်းသားကိုတော့ ဆရာမ Chen ခေါင်းအတော်စားကာ ရွေးလိုက်ရသည်
-----------------------------------
ပွဲတော်တွင်…
အခြားအခန်းမှဆိုင်တွေ အသီးသီး ဖွင့်ပြီးသော်လည်း xoxo first year အတန်းအတွက် တာဝန်ကျသည့် ကျောင်းသား Xiuminနှင့် Sehunမှာ မရောက်သေးသဖြင့် ဆရာမChenမှာ လည်တဆန့်ဆန့်ဖြင့် စိတ်မရှည်တော့ ဖုန်းကောက်ဆက်သော်

Xiumin : ဗျာ ဗျာ အော် ဟုတ် လာနေပါပြီ ဆရာမရဲ့ ဒီရထားသွားနှုန်းနဲ့ဆို မီပါတယ်

Chen : အမ် ရထား ဘယ်ကနေလာရတာမို့လို့ ရထားစီးရတာလဲ နင်က ကျောင်းက အဆောင်မှာ နေတာမဟုတ်ဘူးလား

Xiumin : အော် ဟုတ် ကျောင်းအဆောင်မှာ နေတာပါပဲ ဒီနေ့က သူငယ်ချင်းမွေးနေ့ဆိုတော့ ဘူဆန်သွားလည်နေရလို့

Chen : ဘာာာာ ကျောင်းမှာပွဲရှိပါတယ် ဆိုနေမှ ဘူဆန်အထိ သွားလည်နေရလား နင်ဟာလေ လူနဲ့ဆန့်ကျင်ဘက် ခြေကအတော်ရှည်တာပဲ မလိုချင်ဘူး မြန်မြန်ရောက်အောင် လာခဲ့

ဤသို့ဆူပူပြီး Sehunဆီဆက်လေသော်

Sehun : အော် ဆရာမ သားလား ခိခိ ပွဲတော်ရှိလို့ ပေါင်းတင်ပြီး ချေးချွတ်နေတယ်

Chen : အမလေး ပဲကောင်ရဲ့ နင့်ကိုစင်ပေါ်တက်ခိုင်းမှာမဟုတ်ဘူး ချွေးတလုံးလုံးနဲ့ ဝင်ပေါက်နားမှာ ဈေးရောင်းခိုင်းမှာ ရေချိုးပြီး ဒီအတိုင်းထွက်ခဲ့ အဲ အဝတ်တော့ပါပစေ

---------------------------
သို့နှင့် Xiuminနှင့်Sehunမှာ ဈေးအတူရောင်းဖို့ ဖြစ်လာလေ၏ သူတို့နှစ်ယောက်သည် အတန်းတူ အဆောင်ခန်းတူသော်ငြား ဘာအကျင့်စရိုက်မှ မတူသည့် သူငယ်ချင်းနှစ်ယောက် ဖြစ်လေသည်
ဈေးရောင်းမည့်နေရာသို့ အဆောင်တွင်ရေချိုးနေသည့် Sehunထက် ဘူဆန်ကလာရသည့် Xiuminမှာ အရင်ရောက်လေ၏
ဝင်ပေါက်အနားတွင် ဘာမှမလုပ်ပဲ အူကြောင်ကြောင်နဲ့ရပ်နေသည့် ပေါက်စီပုံစံ ကောင်ကလေးကို မြင်သည်ဆိုရင်ပဲ ဆရာမChen၏ လော်စပီကာအသံ စတင်တော့သည်

XoXo First Year (one shot) များWhere stories live. Discover now