Love, May be...

732 25 2
                                    

ရာသီဥတုက ခုရက်ပိုင်းပိုပူလာသည်။ လေပူတွေအဝေ့မှာ သစ်ရွက်ခြောက်တွေကြွေကုန်တာကိုငေးရင်း Taeraeရင်ထဲမှာလည်း မငြိမ်မသက်...

8ရက်ရှိပြီ။ ဆူညံသံတွေကြားနေရတဲ့ ကျောင်းအားကစားကွင်းကို သူ့ထိုင်ခုံဘေးပြတင်းပေါက်ကနေ မျက်လုံးဝေ့ကြည့်လိုက်တယ်။ လူတချို့ဝိုင်းနေတဲ့ကြားက အရပ်ရှည်ရှည်နဲ့ပုံစံက မျက်စိထဲ တန်းဝင်လာတယ်။ သူ့ရယ်သံနဲ့ဘေးကလူတွေရဲ့ အသံကျယ်ကျယ်ပါ Taeraeနားထဲပျံ့လွင့်လာသည်။ ထုံးစံအတိုင်းဟာသလုပ်ရင်း လူတွေရယ်တာခံနေတာပဲနေမှာ။ Taeraeကတော့ အရင်လို သူ့ကိုကြည့်ရုံနဲ့လိုက်မရယ်နိုင်။

သူ Kum Junhyeonကို ဖွင့်ပြောခဲ့မိတယ်။ ကြားကြားချင်းလန့်သွားတာကို မြင်ပေမဲ့ ကိုယ့်ကိုကိုယ်အထင်ကြီးလွန်းနေခဲ့တာထင်သည်။ လူတိုင်းချစ်တဲ့သူ့ကို ပြန်မကြိုက်နိုင်တဲ့သူရှိမယ်လို့မထင်ခဲ့တာ။ ဆက်ဆံရေးကလည်းအရမ်းအဆင်ပြေနေခဲ့တာလေ။ သူတို့က အဆောင်မှာ အခန်းကပ်လျက်သူငယ်ချင်းတွေ။ အတန်းလည်းမတူသလို Taeraeက အဲ့Fresherကောင်လေးထက် 2နှစ်လောက်ပိုကြီးတဲ့senior။

သူအဲ့နေ့က ဘာတွေတွေးနေခဲ့မိလဲမသိ။ သူ့ကိုပြုံးပြီးစိုက်ကြည့်နေတဲ့ မျက်ဝန်းကြည်လဲ့လဲ့တွေကို ကြည့်ရင်း ရုတ်တရက်ဖွင့်ပြောလိုက်မိပြီးခါမှ ရှောင်နေခဲ့လိုက်တာ။ ကိုယ်တိုင်တောင် ဘာတွေလုပ်မိနေမှန်းမသိတော့။

Taeraeကအဲ့ကောင်လေးအပေါ်ခံစားချက်ရှိနေမှန်း ကိုယ့်ကိုကိုယ်သိတဲ့အချိန်ကစပြီး သူနဲ့ စီနီယာဂျူနီယာဆက်ဆံ​ရေး မဖြစ်ချင်တော့ပါ။ အဲ့လိုဆိုတိုင်း ဒီလိုကြီး သူစိမ်းလိုမျိုးပြန်ဖြစ်ချင်တာလည်း မဟုတ်။ ပြောရရင် သူရည်းစားမထားခဲ့ဖူးပေမဲ့ သူ့ကို ဖွင့်ပြောဖူးတဲ့ကောင်မလေးတွေဆီက နည်းတချို့ကို ကိုးကားပြီး ပြောလိုက်မိတာ။ သူ့ကို ဖွင့်ပြောတဲ့ထဲ ယောက်ျားလေးတွေလည်းရှိခဲ့ပေမဲ့ Junhyeonနဲ့မတွေ့ခင်ထိ ကိုယ့်ကိုကိုယ် ယောက်ျားလေးတစ်ယောက်ကို ချစ်မိသွားမယ်လို့ မတွေးထားခဲ့ဖူးဘူး။ ခုတော့ Kim Taeraeတို့ သူ့ကိုကြိုက်တဲ့သူမှန်သမျှကို ငြင်းပြီး မသိချင်ယောင်ဆောင်ခဲ့လို့ ဝဋ်ကောင်းကောင်းလည်နေပြီထင်ပါတယ်။

Love, May Be ( JunRae )Where stories live. Discover now