တွေ့ဆုံမှု 🌼

114 15 0
                                    

________
လူ၂ယောက်က အကြောင်းမရှိဘဲနဲ့တော့ ဒီသံသရာမှာ လာမဆုံနိုင်ဘူးတဲ့....

ကိုယ်တို့တွေ့ဆုံမှုက ကောင်းခြင်းလား? ဒါမှမဟုတ် ဆိုးခြင်းလား?

____________
အဲ့နေ့က မိုးတွေ သည်းနေတဲ့ နေ့တစ်နေ့

ကောင်လေးတစ်ယောက် မိုးသည်းထန်နေတဲ့အချိန်မှာ စက်ဘီးကို အားသွန်ခွန်စိုက် စီးနေတဲ့ မြင်ကွင်းတစ်ခု....

သူတစ်ခုခုကိုအလျင်လိုနေပုံ !
မိုးအရမ်းထန်နေလို့လား ဒါမှမဟုတ် စိုးရိမ်စိတ်နဲ့မောင်းနေသလို အရှိန်ကတော့ တော်တော်ပြင်းနေခဲ့တယ်

လမ်းကွေ့တစ်ခုမှာ ကားတစ်စီးနဲ့ ဝင်တိုက်လိုက်တဲ့ အခိုက်အတန့်
အဲ့ချိန် လွင့်ထွက်သွားသလို ခံစားလိုက်ရတဲ့ သူ့ခန္ဓာကိုယ်နဲ့ ပျံ့လွင့်သွားတဲ့သူ့စိတ်

နာကျင်မှုကိုတောင် ဂရုမစိုက်နိုင်
ပလက်အနေထားနဲ့တောင် ရွတ်ဆိုမိနေတဲ့ အသံမျှမျှလေး "omma!!"
ခေါ်ဆိုပြီးတာနဲ့ ကောင်လေးတစ်ယောက် မျက်လုံးအစုံမှိတ်သွားခဲ့တယ် လောကကြီးတစ်ခုလုံးမှောင်မိုက်သွားသလို

__________

:ယွန်းနီးရေ! ယွန်းနီး

JY:ဟုတ် !

: အမလေး မနိုးသေးဖူးလားလို့ ကလေးရယ်
ကျောင်းနောက်ကျတော့မယ်

JY: နိုးပါပြီ နာနီ(Nanni)ကလဲ

:အမလေး နိုးပေမယ့် အိပ်ရာပေါ်ကမဆင်းရသေး
မြန်မြန်လုပ်ကလေး ခဏနေ Appa လာတော့မယ်

JY:ဟုတ် Nanni!

_____

ဥက္ကဋ္ဌ ရှင်းတစ်ယောက် မနက်အစောကြီး သွားစရာရှိလို့ အိမ်ကအစောထွက်လာခဲ့တယ်
သားတော်မောင် ဂျယ်ယွန်းကို ကျောင်းသွားပို့ဖို့ အိမ်ကိုအမှီပြန်ရောက်အောင် မောင်းလာနေတုန်း
အကွေ့တစ်ခုမှာ စက်ဘီးတစ်စီးနဲ့ ဝင်တိုက်မိလေရော...
ဥက္ကဋ္ဌရှင်း မောင်းတဲ့ အရှိန်က မပြင်းပါ
ထိုကောင်လေးက တော်တော်ကိုအလျင်လိုနေပုံ
အကွေ့မို့ ဘယ်လိုမှရှောင်ဖယ်လိုမရခဲ့
ထိုအဖြစ်အပျက်ကြောင့် လုံးဝ ထိတ်လန့်သွားခဲ့တယ်.....

ဖြစ်ပြီးတာနဲ့ ကားပေါ်ကအမြန်ပြေးဆင်းလာပြီး ထိုကောင်လေးရှိရာသို့ ခြေသုတ်သင်ပြေးလာခဲ့မိ...
ဝင်တိုက်လိုက်မိတဲ့ကောင်လေးက အသက်ငယ်သေးတယ် ဂျယ်ယွန်းလောက်ပဲ ရှိဦးမည်

You've reached the end of published parts.

⏰ Last updated: Apr 27, 2023 ⏰

Add this story to your Library to get notified about new parts!

Always 🌼Where stories live. Discover now