♡24♡

49.4K 2.3K 33
                                    

Zg//

"အဲ့တာဆို jj​ ရော မြန်​မာနိုင်​ငံကို လိုက်​ရမှာ​ပေါ့..."

"အင်း​ပေါ့ အ​သေးရဲ့၊ jjတို့ companyနဲ့ မြန်​မာနိုင်​ငံက company ပူး​ပေါင်းပြီး လုပ်​ငန်းလုပ်​မှာဆို​တော့ jj​ရော ကိုကို​ရောက တာဝန်​ခံအဖြစ်​သွားရမှာ​လေ..."

"ဒါဆို အရုပ်​တို့ သားမိ​တွေပဲ ကျန်​ခဲ့မှာ​ပေါ့..."

ခေါင်း​လေးငုံ့ပြီး ​လေသံ​လောက်​နဲ့​ပြောလာ​သော ရုပ်​​သေးသည်​ အားငယ်​သွားဟန်​၊ ဘယ်​​လောက်​ပဲ သန်​မာချင်​​ယောင်​​ ဆောင်​ထားပါ​စေ၊ နဂို အားငယ်​တတ်​သူမို့ ဒီအ​ခြေအ​နေအား ရုပ်​​သေး မဖြတ်​​ကျော်​နိုင်​​လောက်​​ပေ....။ သူများနိုင်​ငံမှာလည်း ဖြစ်​တာမို့ ရုပ်​​သေးအဖို့ ခ​လေး​တွေနဲ့ တစ်​​ယောက်​ထဲရင်​ဆိုင်​ဖို့လည်း မဖြစ်​နိုင်​....။

ဂျပန်​မှာ​နေခဲ့တဲ့ ၅နှစ်​လုံးလုံး ရုပ်​​သေးအပြင်​ထွက်​တာ သိပ်​မရှိ​ပေ၊ အမွှာတို့အတွက်​ လိုအပ်​တာ​တွေ ၀ယ်​မှ တစ်​ခါတစ်​​လေသာ အပြင်​ထွက်​​လေ့ရှိသည်​။ ကိတ်​မုန့်​order​ပေးသည့်​ အလုပ်​ကို​တောင်​ ကိုကြီး​နေစက်​ရှိန်​ ကူညီ​ပေးလို့ အဆင်​​ပြေ​နေတာ၊ ရုပ်​​သေးလိုသာဆိုရင်​ ယခု​နေ,​နေတဲ့ တိုက်​ခန်းက​နေ အပြင်​ထွက်​ဖို့​တောင်​ မလွယ်​ကူတဲ့ကိစ္စရပ်​...။...သွားရဲလာရဲဆို​ပေမယ့်​ ဘာသာစကားအခက်​အခဲနဲ့ ဘယ်​သွားရင်​ ဘယ်​​ရောက်​မလဲဆိုတာ ရုပ်​​သေးမမှတ်​တတ်​​​ပေ....။

"မကျန်​ခဲ့ရပါဘူး၊ အရုပ်​​တို့ပါ လိုက်​ခဲ့ရမှာ၊ ကိုကြီးတို့က ဟိုမှာ ၁ နှစ်​​ကျော်​​လောက်​ ကြာမှာ၊ ဒီမှာ အရုပ်​​တို့ သားမိ​တွေပဲ အဆင်​မ​ပြေနိုင်​ဘူး၊ ​နောက်​ပြီး အမွှာတို့ကလည်း သိပ်​မကြာခင်​ ​ကျောင်းထားရမယ့်​ အရွယ်​​ရောက်​လာ​တော့မှာ​လေ၊ ကိုယ့်​နိုင်​ငံမှာဆို​တော့ ပိုမ​ကောင်းဘူးလား..."

"ဟင့်​အင်း! အရုပ်​နဲ့သားတို့ကို သူ သူ​က​တွေ့သွားမှာ..."

"အဲ့အတွက်​မပူပါနဲ့၊ ရန်​ကုန်​မှာ jjနဲ့ပိုး ပိုက်​ဆံ​လေးစုပြီး ၀ယ်​ထားတဲ့ တိုက်​ခန်းရှိတယ်​၊ အ​သေးတို့တွေက အဲ့တိုက်​ခန်းမှာ​နေ​လေ၊ အ​သေးက အပြင်​လည်းသိပ်​မထွက်​​တော့ ကိုကြီးသခင်​မ မတွေ့နိုင်​ပါဘူး၊ jjတို့က​တော့ အလုပ်​ကစီစဉ်​​ပေးတဲ့ တည်းခိုခန်းမှာ တည်းရမှာ..."

No one but you(မင်းမှမင်းပဲ){Complete}s1Where stories live. Discover now