1.6.2014
အဲဒီနေ့လေးဟာ Violet ဆိုတဲ့ ဖြူစင်ရိုးသားပွင့်လင်းသွက်လက်တဲ့ကောင်မလေးနဲ့ Johnny ဆိုတဲ့ အရှက်အကြောက်ကြီး စကားသိပ်မပြောတဲ့ကောင်လေးနဲ့ဆုံကြတဲ့နေ့လေးပေါ့နော်.........
မူလတန်းဒုတိယနှစ်မှာကတည်းကဆုံခဲ့ကြတယ်ဆိုပေမယ့်လဲ အလယ်တန်းဒုတိယနှစ်ကနေမှခင်မင်ခေါ်ပြောဆက်ဆံရေးကစခဲ့တာပေါ့နော်.......အဲဒီလိုနဲ့ဘဲအလယ်တန်းစီနီယာတန်းရောက်တော့မှ သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးကစတင်ခဲ့တော့တာပေါ့........
Johnny ဆိုတဲ့ကောင်လေးက ရုပ်ကလေးကချောချောသန့်သန့်လေးဆိုတော့ အတန်းထဲကကောင်မလေးတစ်ချို့ကဝိုင်းသဘောကျကြတာပေါ့..
Violet နဲ့ Johnny ခင်မင်ဆက်ဆံရေးက ဘေးကသူတွေထင်ထားတာထက်ပိုကောင်းနေတာမို့လို့ Johnny ကို crush နေတဲ့မိန်းကလေးတစ်ချို့က Violet ကိုမနာလိုကြတယ်.....
ပြီးတော့ Violet မသိတဲ့အရာတစ်ခုက သူ့ကိုယ်သူ အဲဒီ Johnny ဆိုတဲ့ကောင်လေးကိုစိတ်ထဲကနေ သဘောကျမိလို့ကျမိနေမှန်းမသိဖြစ်နေတာပေါ့ကွယ်....ဒီလိုနဲ့ဘဲ သူတို့နှစ်ယောက်ရဲ့ အီစီကလီ Relationship လေးကအစပြုလာပါတော့တယ်...
လက်ရဲဇက်ရဲသွက်လက်တဲ့ Violet ဘက်ကနေအရင်ဆုံး စာပို့လိုက်ပါတယ်....
Violet:Hi
Johnny:Hello
Violet:ငါလေ...Violet ပါ
Johnny:အော်...သိပြီသိပြီ
Violet:အဲ့ဒါ ငါနင့်ကိုစာမေးချင်လို့
Johnny:အေ မေးလေ
Violet:ဟိုဟာလေ...နင်ကသင်္ချာတော်တယ်ဆိုတော့ ဒီနေ့သင်္ချာပုစ္ဆာဟာလေ ငါနားမလည်လို့ အဲ့ဒါငါ့ကိုနည်းနည်းရှင်းပြပေးလို့ရမလားဟင်..??
Johnny:အေ ဘယ်အပုဒ်လဲ..??
Violet:ဟိုတစ်ပုဒ်လေ...ပုံအကြီးကြီးဆွဲရတဲ့အပုဒ်လေ....
Johnny:အော် သိပြီသိပြီ....ဘယ်နားနားမလည်တာလဲ..??
Violet:ဘယ်လိုတိုင်းပြီးဘယ်လိုဆွဲလဲဆိုတာနားမလည်လိုက်တာ...??
Johnny:အေ ဒါက....ဒီလို"blah..blah..blah.....
Violet:အော်..အေ...သဘောပေါက်ပြီ။ ကျေးဇူးဘဲနော်သူငယ်ချင်း....
Johnny:ဟုတ်ကဲ့ ရပါတယ်...
Violet:နောက်လည်းမသိတာရှိရင်မေးမှာဟုတ်တယ်နော်....
Johnny:ဟုတ်...မေးနိုင်ပါတယ်
Violet:အာ့ဆို..Good night naw...
Johnny:u 2....
Author note:အကြောင်းအရာတစ်ချို့များပြန်လည်စိတ်ကူးယဥ်ကာဖြည့်စွက်ရေးသားထားခြင်းဖြစ်ပါတယ်။
The End of Episode-1
Thanks for Reading my fiction.
Vote ပေးခြင်းအားဖြင့်တကယ်ကိုအထောက်အကူဖြစ်ပါတယ်နော်.... အားလုံးကိုကျေးဇူးတင်ပါတယ်♡