-1-

4.7K 202 66
                                    

( Present For Sis@ellorine_kim❤
ညီမလေးပေးတဲ့plotအတိုင်းရေးပေးထားတာလေးပါ ။
Marriage Lifeကိုမှ Hate to Love Relationshipလေးပါ ။ အတတ်နိုင်ဆုံးတော့ ကြိုးစားရေးကြည့်ပေးထားပါတယ် ။ )

.....

"$3500000.."

" $4000000.."

" $4500000.."

" $5000000... "

" $5500000.. "

ရစ်ခီ့အသံ၏အနောက်မှ
တစ်ဆက်တည်းဆိုသလိုထွက်ပေါ်လာသည့် တစ်ဖက်တစ်ဝိုင်းကျော်မှအသံကြောင့် ရစ်ခီ့၏မျက်နှာက ပုံမှန်ထက်ပင်ပို၍တည်တင်းသွားကာ တစ်ဖက်မှလူအား လှည့်ကြည့်လိုက်ပါလျှင် တစ်ဖက်မှသူသည် သူ့ဘက်ကိုတစ်ချက်လေးတောင်လှည့်မကြည့်လာဘဲ စင်ပေါ်မှအနောင်ဇာမိန်းကလေးကိုသာ မျက်တောင်မခတ်တမ်းကြည့်နေခဲ့လေသည် ။

တရုတ်အခြေစိုက်ရှန်လုပ်ငန်းစု၏လုပ်ကွက်ကို ဖြတ်လုရဲသူဟုဆိုလာလျှင် ဝေးဝေးပြေး၍သွားကြည့်စရာမလိုပါ.. ။ တမင်လုပ်နေသလားဟု အောက်မေ့ရသည်အထိကို ထိုလူကချည်း ရစ်ခီအရယူမည်ဟုစိတ်ပိုင်းဖြတ်ထားသမျှအရာတိုင်းကို လိုက်ပြီးလုယူနေခဲ့လေသည် ။ အခုလည်း လေလံတင်သည့်မြေကွက်နေရာကို ရစ်ခီလိုချင်နေမှန်းသိ၍ ထိုလူက သူပေးသည့်စျေးထက် မရမကပို၍စျေးပေးကာ ပြိုင်ဆိုင်လာပြန်ပါသည် ။

ထို့ကြောင့် ရစ်ခီသည်လည်း ထိုမြေကွက်မှာ $5000000ထက်ပို၍မတန်တော့မှန်းသိသော်လည်းတစ်ဖက်မှသူအား မခံချင်သည့်စိတ်နှင့်အတူ သူ့ထက်ပိုကာစျေးပေးလိုက်ပါတော့သည် ။

အခုအချိန်တွင် သူ့စိတ်ထဲမှာရှိနေသည့်တစ်ခုတည်းသောအရာမှာ လိုချင်လှပါချည်ရဲ့ဆိုသည့်မြေကွက်နေရာမဟုတ်တော့ဘဲ တစ်ဖက်မှ ကင်မ်ဂျီအွန်းဆိုသူကို အနိုင်ရဖို့တစ်ခုတည်းသာဖြစ်ပါတော့သည် ။

" $6000000...."

" ဟုတ်ကဲ့..
အခုဆိုရင်တော့ ရှန်လုပ်ငန်းစုမှ စီအီးအိုရှန်ရစ်ခီကနေ $60000000ပေးနေပါပြီရှင်..။ ဒါဆို $6000000ထပ်ပိုပြီးပေးနိုင်မယ့်သူများ ရှိပါသေးလားရှင်.. "

ရစ်ခီ့လက်ထဲမှကတ်ကိုမြှောက်လိုက်အပြီးတွင် စင်ပေါ်မှမိန်းကလေးက သူ့ထက်ပို၍စျေးထပ်ပေးမည့်သူကို ထပ်၍ခေါ်လာပါတော့သည် ။

TAKE ME TO YOUR HEART(RIWOONG)[COMPLETED] Where stories live. Discover now