-2-

1.4K 168 48
                                    

" ငါ့ကို မင်းလေလံအောင်ထားတဲ့မြေကွက်နေရာပြန်ရောင်းပေး.. "

မနက်စာထမင်းဝိုင်းတွင်ပြောလာသည့်ကင်မ်ဂျီအွန်း၏စကားကြောင့် ရစ်ခီ၏မျက်နှာချောချောက တည်တင်းသွားပါတော့၏ ။ မနေ့ညတုန်းက သူ့လေလံကိုဘာလို့လိုက်လုသလဲဆိုသည့်မေးခွန်းကိုကျ မဖြေပါဘဲနှင့် အခုကျ ထိုလေလံအောင်ထားသည့်နေရာကို လိုချင်တယ်ဟုပြောလာလျှင် ရစ်ခီသည် လက်ထဲမှ သောက်လက်စကော်ဖီခွက်ကိုချလိုက်ကာ ထိုစကားအား ဘာမှမဖြစ်သလိုနှင့်ပြောလာသူကို စူးစိုက်၍ကြည့်လိုက်ပါတော့၏ ။

" အကြောင်းအရင်းက?"

" ဒီလိုပဲ .. မင်းပြန်ရောင်းပေး $6000000ကို ငါတစ်ခါတည်းမပေးနိုင်ပေမဲ့ ခွဲပေးသွားမယ်... ၊ ဒါမှမဟုတ် မင်း အဲ့ထက်ပိုလိုချင်ရင်လည်းရတယ် .. ။ ငါ့ကိုသာ ပြန်ရောင်းပေး "

" ဟက် .. လွယ်လိုက်တာ ။ အဲ့လောက်လိုချင်နေရင်လည်း မနေ့ကတည်းကရအောင် လေလံဆွဲလေ.. ။ အခုမှ ဘာလို့လဲ ။ "

" ရစ်ခီရှန် အခုငါမင်းကိုတောင်းဆိုနေတာ .. ။ ငါ့ကိုရွဲ့ဖို့ပဲ စဥ်းစားမနေနဲ့ "

" အာ ဒါတောင်းဆိုတဲ့လေသံပေါ့လေ ဟုတ်လား.. ။ ကင်မ်ဂျီအွန်းခင်ဗျားပြောကြည့်ပါဦး ခင်ဗျားကိုသာ အဲ့လိုလေသံအဲ့လိုမျက်နှာပေးနဲ့ ကျွန်တော်ကလာပြောရင် ခင်ဗျားစ်ိတ်ထဲမှာ ကျွန်တော့်ကိုအကြောကြီးနဲ့ကောင်လို့ထင်မှာပဲ မဟုတ်ဘူးလား ဟမ်.. "

" ဒါဆို ငါကဘယ်လိုပြောရမှာလဲ...။ ငါ့အတွက်တကယ်အရေးကြီးနေလို့မို့လို့သာ မင်းကိုအကူအညီတောင်းနေတာ..၊  မဟုတ်ရင် မင််းနဲ့ပတ်ကိုမပတ်သက်ဘူး စိတ်ချ "

" အဟက် .. ဒါ​ဆိုလည်းမပတ်သက်နဲ့လေ ။ ခင်ဗျားအတွက် သေရေးရှင်ရေးလောက်အရေးကြီးနေတဲ့ပုံဆိုတော့ အဲ့မြေကွက်က ဘာတွေများရှိနေလို့လဲဆိုတာတောင် အခုမှသိချင်သွားပြီ .. "

" အဲ့တာငါ့အပိုင်းပါ... ။ မင်းကိုအဲ့လောက်ုကြီး ပြောပြဖို့အထိ တော့ ငါတို့မရင်းနှီးဘူးလားလို့.. ။

မင်းပြန်ရောင်းမယ်ဆိုရင်သာ ငါ့အတွင်းရေးမှူးကနေတစ်ဆင့်ဆက်သွယ်လိုက်ပါ ။ စျေးဘယ်လောက်တင်တင်ရတယ်နော် ။ ငါက ဘယ်စျေးနဲ့နေနေဝယ်မှာ "

TAKE ME TO YOUR HEART(RIWOONG)[COMPLETED] Where stories live. Discover now