ခံစားချက်

4 0 0
                                    

Unicode

ကြောက်တယ်

အမြဲရန်ဖြစ်တဲ့လူနှစ်ယောက်က ရုတ်တရက်ကြီး အဆင်ပြေသွားရင် နှစ်ယောက်ထဲကတစ်ယောက်က လောကကြီးထွက်သွားရတတ်တယ်တဲ့

အရင်ကငါ့ကို ကျစ်ဆံမြီးကျစ်ပေးနေတဲ့လူကို
အခုငါပြန်ခေါင်းဖြီးပေးနေရတယ်

ငယ်ငယ်တုန်းကပုံရိပ်တွေပြန်ပါ်လာတယ်
အဲ့ဒိလူက အမြဲ ထွက်သွားရမယ့်သူလိုမျိုး ကောင်းကင်ကိုမော့ကြည့်နေတတ်တယ်။အင်းလေ
အခုသူ့ဘေးမှာ ဘယ်သူမှမရှိတော့ဘူးလေ
သူကြည့်စရာ ကောင်းကင်ပေါ်က ဘုရားသခင်ဘဲရှိတော့တာလေ။

တခါတလေ တာ၀န်အရ
တစ်ခါတလေ အမွေအရ
တစ်ခါတလေ ပိုက်ဆံချေးဖို့
တခါတလေ သူ့တို့ပြဿနာတွေပြောပြဖို့

ရောက်လာကြတယ် ။ အတုအယောင်တွေမှန်း
သိပေမယ့် သူမကတော့သူတို့ရောက်လာတိုင်း ပြုံးပျော်လို့ နောက်ကွယ်မှာတော့ ကြိတ်ငိုတုန်း။
ဘယ်တတ်နိုင်မတုန်း သူမ မွေးထားတဲ့ သားသမီးတွေကို သူမကချစ်တာကိုး။

ငါတို့လာရင် သူမ ငယ်ငယ်ကအကြောင်းတွေပြောပြနေတုန်း...
ငါတို့လာရင် မုန့်ကျွေးဖို့ အမြဲပူပင်နေတုန်း။

သူမကို ကြည့်နေရင်း ငါ အလိုလို ၀မ်းနည်းလာရော

အသက်ကြီးလာတာနဲ့အမျှ ရလာမယ့်ဒဏ်ရာတွေက
ပိုပြီးနက်နဲလာတယ်

သူမရော ငါရော အားလုံးရော
ဘ၀တွေမှာ ဆုံးရှုံးစရာတွေအတွက်မွေးဖွားလာပေမယ့်
ငါအဲ့တာတွေအတွက် ငါခံနိုင်ရည် မရှိသေးဘူး။

#emm
#28.4.2023(fri)

Zawgyi

ေၾကာက္တယ္

အၿမဲရန္ျဖစ္လူႏွစ္ေယာက္က ႐ုတ္တရက္ႀကီး အဆင္ေျပသြားရင္ ႏွစ္ေယာက္ထဲကတစ္ေယာက္က ေလာကႀကီးထြက္သြားရတတ္တယ္တဲ့

ငါ့ကို က်စ္ဆံၿမီးက်စ္ေပးေနတဲ့လူကို
အခုငါျပန္ေခါင္းၿဖီးေပးေနရတယ္

ငယ္ငယ္တုန္းကပုံရိပ္ေတြျပန္ပၚလာတယ္
အဲ့ဒိလူက အၿမဲ ထြက္သြားရမယ့္သူလိုမ်ိဳး ေကာင္းကင္ကိုေမာ့ၾကည့္ေနတတ္တယ္။အင္းေလ
အခုသူ႔ေဘးမွာ ဘယ္သူမွမရွိေတာ့ဘူးေလ
သူၾကည့္စရာ ေကာင္းကင္ေပၚက ဘုရားသခင္ဘဲရွိေတာ့တာေလ။

တခါတေလ တာ၀န္အရ
တစ္ခါတေလ အေမြအရ
တစ္ခါတေလ ပိုက္ဆံေခ်းဖို႔
တခါတေလ သူ႔တို႔ျပႆနာေတြေျပာျပဖို႔

ေရာက္လာၾကတယ္ ။ အတုအေယာင္ေတြမွန္း
သိေပမယ့္ သူမကေတာ့သူတို႔ေရာက္လာတိုင္း ၿပဳံးေပ်ာ္လို႔ ေနာက္ကြယ္မွာေတာ့ ႀကိတ္ငိုတုန္း။
ဘယ္တတ္ႏိုင္မတုန္း သူမ ေမြးထားတဲ့ သားသမီးေတြကို သူမကခ်စ္တာကိုး။

ငါတို႔လာရင္ သူမ ငယ္ငယ္ကအေၾကာင္းေတြေျပာျပေနတုန္း...
ငါတို႔လာရင္ မုန႔္ေကြၽးဖို႔ အၿမဲပူပင္ေနတုန္း။

သူမကို ၾကည့္ေနရင္း ငါ အလိုလို ၀မ္းနည္းလာေရာ

အသက္ႀကီးလာတာနဲ႔အမွ် ရလာမယ့္ဒဏ္ရာေတြက
ပိုၿပီးနက္နဲလာတယ္

သူမေရာ ငါေရာ အားလုံးေရာ
ဘ၀ေတြမွာ ဆုံးရႈံးစရာေတြအတြက္ေမြးဖြားလာေပမယ့္
ငါအဲ့တာေတြအတြက္ ငါခံႏိုင္ရည္ မရွိေသးဘူး။

#emm
#28.4.2023(fri)

I Met some caseWhere stories live. Discover now