Ep-8

592 32 5
                                    

"အားလုံးဘဲ ခဏ​နေရင် Founder လာ​တော့မှာ ​နောက်ပြီးသူ့သမီးအငယ်ပါပါလာမှာမလို့အရင်ကထက်စည်းကမ်းရှိရှိ​နေ...ဘာအမှားမှမလုပ်မိ​စေနဲ့ လုပ်မိရင် လုပ်မိတဲ့လူကိုရုံးခန်းအ​ခေါ်ခံရမယ်မှတ် အားလုံးကြားကြလား"

"ကြားပါတယ် သူ​ဌေး!"

"​အေး​အေး"

(.....)

"မာမီ...ရောက်​တော့မှာလားဟင်"

"​ရောက်​တော့မှာ အ​ရှေ့ဆို​ရောက်ပြီ"

"ဟုတ်ဟုတ်"

​"ကဲ...​ရောက်ပြီ ဆင်း"

"ဟုတ်ကဲ့"

ကား​ပေါ်ကဆင်းလိုက်​ချင်းချင်းဘဲ ​ရောက်ချလာတဲ့ Security...

"မင်ဂလာပါဗျ"

"​အွန်း"

​သေချာကြည့်လိုက်မှ မာမီ့ရုံးက4ထပ်တိုက်အပြင်ကအုပ်အဖြူဆို​ပေမယ့်အထဲ​ရောက်သွား​တော့ ​ဘေးနံရံကအဝါ​ရောင်ပင်။ရုံးဆို​တော့ ရှုပ်တဲ့​နေရာ​တွေရှိပါ​သော်ငြား အပြင်အဆင်မှာ​ကော်ဖီဆိုင်​လေးလိုဘဲ ရိုးရိုးရှင်းရှင်းနဲ့လှ​လို့နေ​တယ်​။လှပတဲ့မီးဆိုင်း​အဝါ​ရောင်လေး​အောက် ​အေးချမ်းတဲ့အဲကွန်း​အောက်မှာအလုပ်လုပ်ရတာ တစ်ကယ်​ကောင်းမယ့်ပုံဘဲ။အပြင်အဆင်နဲ့တင်အလုပ်လာလုပ်ချင်​အောင် ညှို့ယူဖမ်းစားထားတယ်​ပေါ့ရှင်။စိတ်ထဲမှာ​တော့ ဒီကုမဏ္ဏီကိုတည်​ထောင်တဲ့ မာမီ့ကို​တော့ချီးကျူးမိသား။

"Good Morning ပါ အန်တီမြ"(ပြိုင်တူအသံဖြင့်)

"​အေး​ကွယ် အားလုံး Morning ပါ​နော်...ဒါက အန်တီ့သမီး နှင်းဝတ်ရည်မြိုင်တဲ့ ဒီကုမဏ္ဏီရဲ့CEO​ပေါ့။အန်တီ့သမီးကမ​နေ့ကမှ ​ကျောင်းပြီးတာရယ် အဲ့ဒါ​ကြောင့် သူမသိတာ​လေး​တွေ​ကူညီ​ပေးကြပါဦး​"

"ဟုတ်ကဲ့"(ပြိုင်တူအသံဖြင့်)

နှင်းလည်းမာမီနဲ့အတူ မာမီ့ရုံးခန်းထဲသို့သွားကာ ရုံးခန်းအ​​ရောက်...

"နှင်း"

"ရှင်...မာမီ"

"မာမီအလုပ်လုပ်စရာရှိ​သေးတယ် သမီး​စားချင်တာတစ်ခုခုမှာလိုက်​လေ"

You've reached the end of published parts.

⏰ Last updated: May 31, 2023 ⏰

Add this story to your Library to get notified about new parts!

တစ်ဦးတည်း​သောWhere stories live. Discover now