စာသင်ခန်းထဲမှာ ရှေ့ကဆရာ စာရှင်းတာကို နားထောင်နေပေမယ့် စာအုပ်ထဲ လိုက်မှတ်နေပေမယ့် မျက်လုံးတွေကတော့ သူတို့အခန်းရဲ့ မျက်နှာချင်းဆိုင်က အနုပညာခန်းဆီကိုပဲ ခဏခဏရောက်နေတယ်။
သူများ ဒီနေ့အနုပညာခန်းထဲ ရှိနေမလားလို့လေ။တစ်ခါတစ်လေ အနုပညာခန်းထဲမှာ သူpianoတီးနေတတ်တယ်။သူpianoတီးနေတဲ့အခါတိုင်း သင့်မှာ ငေးမဝဖြစ်ရတယ်လေ။
piano ခလုတ်တွေပေါ် သူ့ရဲ့ ဖြူဖြူ
သွယ်သွယ် လက်ချောင်းရှည်တွေ ပြေးလွှားရင်း မျက်လုံးတွေမှိတ်ကာ သံစဉ်တွေထဲ
စီးမျောရင်း pianoတီးနေတာကို အနုပညာခန်းရဲ့ပြတင်းပေါက်ကနေ မက်တပ်ရပ်လျက် အသက်ရှူဖို့မေ့နေလောက်အောင် သင်ငေးကြည့်နေခဲ့ဖူးသည်။ရှေ့ကဆရာက သင်အနုပညာခန်းဘက် လှည့်လှည့်ကြည့်နေတာကို သတိထားမိသွားမည်စိုး၍ ပေါ်ပေါ်တင်တင်လည်း မကြည့်ရဲပါ။
တစ်ချက် လှည့်ကြည့်မိလိုက်သည့် ခဏ။
သင့်ရဲ့ဆန္ဒတွေ ပြည့်ဝသွားလေပြီ။
သူ အနုပညာခန်းထဲမှာ piano တီးနေတာကို သူလှမ်းမြင်လိုက်ရသည်လေ။
သူအတိုင်းမသိပျော်သွားမိသည်။
ဟန်မဆောင်နိုင်စွာ အပြုံးလှလှတို့ မျက်နှာထက် ဖြစ်တည်လာလေသည်။သင်ငေးနေမိသည်။
ရှေ့ကဆရာ စာရှင်းနေတာကိုတောင် သတိမရတော့။"shin y/n ငါစာသင်နေတာကို ဘယ်ငေးနေတာလဲ ဆရာကို မလေးစားတာလား သွား အပြင်ထွက် လက်မြှောက်နေ"
"ဟုတ် ဟုတ်ကဲ့ ဆရာ"
သင် လန့်သွားတာကြောင့် စကားတွေထစ်ကုန်ပေမယ့် စိတ်ထဲမှာတော့ ကြိတ်ပျော်သွားမိသည်။
အပြင်မှာဆို သူ့ကို စိတ်ရှိလက်ရှိ ငေးကြည့်နေလို့ရပြီလေ။
ဆရာဆီက အဆူခံရတာကြောင့် အနည်းငယ် ရှက်မိပေမယ့် တန်ပါတယ်လေ။
crushလေးကို စိတ်တိုင်းကျ ငေးလို့ရပြီကိုး။
သင်လည်း အတန်းထဲက မသိမသာပြုံးရင်း ထွက်သွားတော့သည်။
အကြောင်းသိ သင့်သူငယ်ချင်းတွေကတော့
အသံတိတ်ပြုံးနေလေသည်။break time at canteen
"ဟဲ့ စားစရာရှိတာ သေချာစားစမ်းပါ ငမ်းနေတာ မျက်လုံးကြီးလည်း ကျွတ်ထွက်သွားပါဦးမယ်"
YOU ARE READING
My Piano
Fanfictionသူက ကျွန်မရဲ့ pianoလေး။ကျွန်မရဲ့ အာရုံစူးစိုက်မှုဟာ သူ့ဆီမှာပဲ ရှိတယ်။ကျွန်မရဲ့ပျော်ရွှင်ခြင်းသံစဉ်တွေဟာ သူ့ကြောင့် ဖြစ်တည်တယ်။