To the bone

335 27 5
                                    

"မမကလဲကြာလိုက်တာဗျာ မလာသေးဘူးလားမသိဘူး"

ဒီမှာနေတွေတော်တော်ပူနေပြီ
မဟုတ်ဘူး မမကိုမျှော်ရတဲ့ကျွန်တော့်ရဲ့ရင်ဘတ်ကြီးလောက်တော့မပူပါဘူး

ကျွန်တော့်ဘက်ကမုန့်တူတူသွားစားရအောင်လို့ချိန်းလိုက်တိုင်း မအားရတာနဲ့ နေမကောင်းရတာနဲ့ အလုပ်သွားနေရတာနဲ့ မမကငြင်းလွှတ်သည်
ကျွန်တော်တို့တွဲနေတာ၁နှစ်ခွဲကျော်နေပါပြီ သို့သော် တစ်ခါမှ မုန့်တူတူမစားရဖူးတဲ့အပြင် ဖုန်းတောင်တစ်လမှ၃ခါလောက်ပဲပြောရသည်

ဒီနေ့ချိန်းတာတော့မမ မငြင်းဆိုတော့ပါ ကျွန်တော်ကံကောင်းသည်လို့ပြောရမည် ဒါမဲ့မမဘက်ကပြောလာတယ် သင်တန်းတက်နေလို့၅မိနစ်လောက်နဲနဲနောက်ကျမယ်ဆိုပြီးခုနေပူကျဲတဲကြီးမှာပစ်ထားတယ်တဲ့

ဟော လာပါပြီ ဟိုမှာ မမ
.... ဒါဖြင့် ဘေးက???
မမကဘတ်စ်ကားမှတ်တိုင်ကနေကောင်လေးတစ်ယောက်ရဲ့လက်မောင်းကိုချိတ်ရင်းကျွန်တော့်ဆီလျှောက်လာတယ်

"ဝန်း စောင့်ရတာကြာသွားလား"

မကြာပါဘူး မ ရယ် မိနစ်၃၀လေးတည်း

"မကြာပါဘူး ရပါတယ်"

"ဒါနဲ့မိတ်ဆက်ပေးမို့ ဒါမမသူငယ်ချင်းလေ သင်တန်းကပဲ ဟဲ့ ဒါကငါ့မောင်လေး မိတ်ဆက်လိုက်ဦး"

ဆိုပြီးမမကကျွန်တော့်ကိုမိတ်ဆက်ဖို့ထိုသူ့ကိုတွန်းလိုက်တယ် ဟုတ်ပါတယ် မောင်လေးပါ မမကသင်တန်းကသူတွေသူ့ကိုလူလွတ်ဆိုတာသတိရထားအောင်လို့ကျွန်တော့်ကိုမောင်လေးတစ်ယောက်အနေနဲ့ပဲဟန်ဆောင်ပေးပါတဲ့

"ဟုတ်ကဲ့ မင်္ဂလာပါ ကျွန်တော်ယန်းဂျောင်ဝန်းပါ
တွေ့ရတာဝမ်းသာပါတယ်"

ကျွန်တော့်ဘက်ကတော့လှိုက်လှိုက်လှဲလှဲနှုတ်ဆက်ခဲ့ပေမယ့် ထိုသူကတော့ရှိမှန်းတောင်မသိပါ

"မေ ဒါဆိုသွားကြရအောင်လေ မောင်လေးကို ကိုယ်တို့ဝယ်ကျွေးလိုက်မယ်လေ"

"မေ"တဲ့လားဗျာ ဒီနာမည်ကိုကျွန်တော်တို့ချစ်သူစဖြစ်တုန်းကခေါ်တော့ မကြိုက်လို့မမပဲခေါ်တဲ့လေ
ခုတော့သူစိမ်းယောင်္ကျားလေးကခေါ်တော့မမကလင်ခံတယ်ရောလား

✔︎To the boneWhere stories live. Discover now