"အခန်း (၄)"

1.7K 84 10
                                    

အခန်း (၄)

အစ်ကိုနှင့် စာသင်တာ နှစ်ဝက်တောင် ကျိုးနေပြီ ဖြစ်သည်။ အစ်ကို့အကြောင်းလည်း ပို၍ များများ သိလာရသလို အစ်ကိုကလည်း သူ၏ ဉာဏ်နီဉာဏ်နက်များကို သိ၍ လှည့်စားရန် မရတော့ဘဲ အပြစ်ရှိရင် ကြိမ်လုံးနှင့် ဆော်တတ်လေပြီ။

မေမေက မောင်ဆိုးသမျှကို အစ်ကို့အား ပြန်တိုင်သည်မလို့ အစ်ကိုက တိုးတိုးတိတ်တိတ်သော်လည်းကောင်း ၊ တုတ်ဖြင့်သော်လည်းကောင်း ဆုံးမတတ်သည်။

စာတော်ရုံသာမကဘဲ လိမ္မာသည့်ကလေးဖြစ်အောင် ဆုံးမသည် ဟု အစ်ကိုက ခဏခဏ ပြောတတ်သည်။

သို့သော် မောင်က မလိမ္မာချင်။ အစ်ကို အရင်လက ဖတ်ခိုင်းသည့် တက္ကသိုလ်ဘုန်းနိုင်၏ "သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်" ဟူသော ဝတ္ထုထဲက *ခိုင်* ဆိုသော ဇာတ်ကောင်၏ စကားချပ်လေးဖြစ်သော

"လိမ္မာတယ်ဆိုတာ အင်မတန်

ပျင်းစရာကောင်းတဲ့အလုပ်ပဲ မောင်။

လိမ္မာတယ်ဆိုတဲ့လူတွေကိုကြည့်ပြီး ခိုင်သနားမိတယ်။

သူတို့ဟာ လောကကြီးကို လိမ်နေကြတယ်။

လူလူချင်းလည်း လိမ်နေကြတယ်။

အဆိုးဆုံးကတော့ ကိုယ့်အသည်းနှလုံးကို

ကိုယ်ပြန်လိမ်နေကြတာပဲ။

အဲဒီလိုလိမ်ရင်းက သူတို့အသည်းနှလုံးဟာ

မာကြောလာတယ်။ လိမ္မာတယ်ဆိုတဲ့

အဓိပ္ပါယ်ဟာ ဒါပဲ ထင်ပါရဲ့....။"

ကိုသာ မြင်ယောင်မိသည်။

မောင်က ဆိုးသွမ်းနေခြင်းထက် ပြောစကားကို တသွေမသိမ်းနားထောင်သောသူများကို တွေ့လျှင် အံ့အားသင့်ရသည်။ ယခုတော့ အစ်ကို့ကြောင့် မလိမ္မာချင်လည်း လိမ္မာရပေအုန်းမည်။

"*ီးလား။ ဒီ ေ*ာက်သုံးမကျတဲ့ ကောင်တွေကတော့။ မင်းတို့ မြန်မြန်လုပ်။ ဟိုမှာ လာနေတာကို ေ*စာက်လုံးက ကန်းနေတာလား။"

ယနေ့လည်း မောင် ဂိမ်းဆော့နေတုန်း မေမေက ထမင်းစားခန်းကနေ မနက်စာ လာစားဖို့ တကြော်ကြော်အော်ခေါ်နေသည်။ မောင်လည်း စိတ်မရှည်တော့သည်မို့

💛 အဝါရောင်ရပ်ဝန်းလေး 💛Where stories live. Discover now