" စီနီယာထယ်ယုံး.... ကျွန်တော်... ကျွန်တော် စီနီယာကို သဘောကျတယ် "
" ကိုယ်ကတော့ သဘောမကျဘူး.... တောင်းပန်ပါတယ် "
ဒီလိုနှင့်ပင် အချစ်ဦးအား ခက်ရာခက်ဆစ်အားတင်းလို့ ဖွင့်ပြောမှုဟာ လုံးလုံးကြီး ကျဆုံးခဲ့ချေသည်။
________________________________________
"ဒိုယောင်း ခဏအိပ်ရင်အိပ်လေ နောက် scheduleအတွက်က လိုပါသေးတယ် "
မန်နေဂျာအပြောကိုခေါင်းငြိမ့်ပြလိုက်ရင်း ဒိုယောင်း အိပ်ယာထက် မှေးနေသော်လည်း အိပ်လို့မပျော်ပေ။
အတွေးတို့ဟာ မနေ့က ပြောခဲ့သောစကားများမှာသာ တဝဲလည်လည်ပင်။" ဒီဇာတ်လမ်းထဲက ဇာတ်ကောင်နေရာတစ်ခုမှာမင်းကိုကမ်းလှမ်းခဲ့တာ... ပြောရရင် နည်းနည်းတော့ တာဝန်ကြီးပေမယ့် မင်းအတွက်လည်းစိန်ခေါ်မှုအသစ်တစ်ခုဖြစ်တာပေါ့ "
ဇာတ်လမ်းအမျိုးအစားဟာ ယောက်ျားလေးနှစ်ဦးကြားမှ လွမ်းဆွတ်ဖွယ်အချစ်ရေး အကြောင်းအရာပင်။
ထိုအရာကို ဒိုယောင်းမမှုပါ။ တောင်ကိုရီးယားနိုင်ငံမှာ ဤသို့ကိစ္စများကို အပြည့်အဝလက်မခံကြသေးသော်ငြား ဤကဲ့သို့အနုပညာများဖြင့်ဖြစ်စေ အကြောင်းအရင်းအမျိုးမျိုးနှင့် လုထုအား တစ်ဆင့်ချင်းစီ ချပြရင်း အတွေးအခေါ်တိုးတက်မှုများကို ဖြန့်ကျက်နေကြပြီဖြစ်သည်။
အမှန်တကယ် အခက်တွေ့စရာသည်ကား ဤဇာတ်လမ်းမှ တွဲဖက်ပါတနာဟာ ဒိုယောင်းကဲ့သို့ပင် တစ်ကိုယ်တော်အဆိုတော်၊ သရုပ်ဆောင် အီထယ်ယုံးဖြစ်နေခြင်းပင်။တစ်နည်းအားဖြင့် ကျောင်းသားဘဝမှ ဒိုယောင်း၏ တိတ်တခိုးချစ်ခဲ့ရသူ ...ထပ်လောင်းပြောဆိုရရင်ဖြင့် ဒိုယောင်းကို ငြင်းခဲ့သူ...အီထယ်ယုံးပင်။
ဝေခွဲမရသည်မှာကား သူဟာဤဇာတ်လမ်းအား လက်ခံရပေမည်လား၊ လက်မခံဘဲနေရပေမည်လား။
ဒိုယောင်းဟာ ဤဇာတ်လမ်းအားသရုပ်ဆောင်ချင်ပါသည်။ စိန်ခေါ်မှုအသစ်တစ်ခုဖြစ်တာကြောင့် လက်မလွှတ်ချင်ပါ။
သို့သော်ငြား သူလက်ခံလိုက်ပါလျှင် ထယ်ယုံးနှင့်အဘယ်ကဲ့သို့ မျက်နှာချင်းဆိုင်ရပေမည်နည်း။