ဒိုယောင်းက လူတွေကို မထီသလိုဆက်ဆံပုံက တကယ်ကြောင်ရိုင်းလေးလိုပဲ။
ဒါပေမယ့် ထယ်ယုံးအပေါ်ကိုတော့....မတူဘူးတဲ့လေ။__________________________________________
ကျွန်းငယ်လေးတစ်ကျွန်းပေါ်က မြို့ငယ်လေးပေါ်က လူငယ်တွေက မြို့ပြပေါ်ကလူငယ်တွေလောက် လုပ်စရာဘာမှမရှိဘူးဆိုပြီးပြောကြပေမယ့် တကယ်က လုပ်စရာတွေအများကြီး။
ပူအိုက်နေတဲ့ရာသီမှာ အသင့်ရှိနေပြီးသား ကမ်းခြေ...
ရေထဲစိမ်လိုက်တာနဲ့အေးမြသွားရတဲ့ခံစားချက်တွေ။
လှိုင်းစီးချင်လား...အိမ်ရှေ့ကိုထွက်ရင်း ကမ်းခြေကိုရောက်တာနဲ့ဖြစ်နိုင်တာတွေချည်း....
သူများတွေတကူးတကနဲ့ယူရတဲ့ဒီလိုခံစားချက်တွေကို ဤကျွန်းငယ်လေးမှနေထိုင်သူများက အလွယ်တကူ ရနိုင်သည်။ညနေစောင်းတာနဲ့ ကမ်းခြေမှာအသီးသီးပြေးလွှားပျော်ပါးနေကြတဲ့လူငယ်တွေက မြို့ပေါ်ကိုအားကျတတ်ကြပေမယ့် ကမ်းခြေလေးကိုတော့ တစ်ခါမှငြီးငွေ့မသွားဖူးကြပေ။
ထိုအထဲမှ ပျင်းရိရိနဲ့ အမြဲသောင်ပြင်ပေါ်တွင်သာထိုင်ရင်း နေဝင်သည်ကိုငေးကြည့်တတ်သည့် ဂင်မ်ဒိုယောင်းသည်သာ တစ်မျိုးထူးခြားလို့နေတာပင်။"အမြဲထိုင်နေတာပဲ ငါတို့နဲ့အတူ ရေမကစားတာဘယ်လောက်ကြာပြီလဲ"
"ဟင့်အင်း ပျင်းတယ်"
အဲ့ဒီလိုပါပင်။ ဂင်မ်ဒိုယောင်းက တကယ့်ကိုဘာမထီစတိုင်လ်။
______________________________________
"ရား!! အီထယ်ယုံး မိလို့ကတော့သေဖို့သာပြင်"
ညနေ၇နာရီလောက်ဖြစ်နေသော်ငြား ကျွန်းငယ်လေးကတော့ တိတ်ဆိတ်နေလေပြီ။
ထိုအသံကြောင့် အိမ်တိုင်းလိုလို မီးတွေတောင်ထဖွင့်ကြလေရာ အကြောင်းသိပြီးသားသူတို့အတွက်တော့ ဘာမှထူးမနေပေ။"ဒိုယောင်းဂီ ခဏ"
ဆိုင်တံခါးပိတ်နေသော ဒိုယောင်းကိုလှမ်းအော်ရင်း ဒိုယောင်းတို့ဆိုင်ထဲသို့ ဝင်လာလိုက်သည်။
"ဆူးလ်ဂီနူနား လက်ထဲသေတော့မလို့"
သေချာပါသည်။ အီထယ်ယုံးတစ်ယောက် အစ်မဆူးလ်ဂီကို နောက်ပြီးထွက်ပြေးလာမှန်းသိလိုက်ပြီ။
သူတို့အုပ်စုထဲမှ မောင်နှမဝမ်းကွဲတော်သော ဆူးလ်ဂီနှင့်ထယ်ယုံးက အမြဲတကျက်ကျက် စနောက်နေကြခြင်းဖြစ်ရာ သူတို့အတွက်တော့ ဘာမှထူးဆန်းမနေတော့ပေ။