"ပူလိုက်တာ"
ဖြတ်သန်းသွားလာနေတဲ့လူအုပ်ကြားထဲက တစ်စွန်းတစ်စကြားလိုက်ရတဲ့အသံကြောင့် ဂျယ်ယွန်းထိုစကားကိုဆန့်ကျင်ဘက်တုန့်ပြန်မိသည်။
မပူပါဘူး
တကယ်ကိုမပူပါဘူး။ နွေဦးဟာ ဘယ်လောက်တောင်များနေလို့ကောင်းလိုက်သလဲ။ နေရောင်ခြည်ခပ်နွေးနွေးကဖြာကျနေပြီး ပန်းတွေလဲဖူးပွင့်နေပြီး မပူမအေးရာသီဥတုနဲ့ နွေဦးက ဘယ်လောက်တောင်များနေလို့ကောင်းလိုက်သလဲ။ သူတော့နွေဦးကိုသဘောကျမိသည်။
ပိတ်ရက်ဖြစ်တာကြောင့် လျှောက်လည်ကြတဲ့လူတွေကအတော်များသည်။ ဒီနေ့က မေ 1 ရက်နေ့။ နွေဦးနောက်ဆုံးလရဲ့ ပထမဆုံးရက်ပေါ့။ နောက်ဆုံးအနေနဲ့ဖြတ်သန်းရမယ့်အရာတွေဆို ဂျယ်ယွန်းစိတ်လှုပ်ရှားမိသည်။ ဥပမာ အခုလို နွေဦးရဲ့နောက်ဆုံးလ ကုန်ဆုံးတော့မယ့် နှစ်တစ်နှစ်ရဲ့နောက်ဆုံးရက် အဲ့လိုမျိုးတွေကိုပေါ့။
ဂျယ်ယွန်းရဲ့မျက်နှာထက်မှာ အပြုံးတွေကဖြစ်တည်နေပြီး ခြေလှမ်းတွေက ပေါ့ပါးသွက်လက်နေသည်။ သူဒီမေလကိုကောင်းကောင်းကုန်ဆုံးမှာလေ။
လမ်းတစ်လျှောက်ဘာမှမဖြစ်ခဲ့ဘဲ လိပ်စာထဲကဆိုင်ရှေ့ကိုရောက်မှ ဂျယ်ယွန်းစိတ်လှုပ်ရှားနေမိသည်။
"ဘာမှမဖြစ်ပါဘူး အသက်ကိုဝဝရှု ဟူးဟူး ဟုတ်ပြီ!"
ကိုယ့်ဘာသာကိုယ်အားပေးပြီး အထဲဝင်မယ်လုပ်ပြီး မဝင်ဖြစ်ပြန်။ စိတ်လှုပ်ရှားနေတာကြောင့် ဂျယ်ယွန်း ဂဏာမငြိမ်ဖြစ်နေတော့သည်။
ကြင်ဖက်တွေ့တာက အဲ့လောက်တောင်မှစိတ်လှုပ်ရှားစရာကောင်းတာလား။ သူများတွေအတွက်တော့ မသိပေမယ့် သူ့အတွက်တော့ ပထမဆုံးအကြိမ်လဲဖြစ်တာကြောင့်တစ်ကြောင်း အင်မတန်မှစိတ်လှုပ်ရှားဖို့ကောင်းသည်။
စာဂျပိုးလေးက အခုမှရည်းစားထားဖို့ ဆုံးဖြတ်လိုက်တာမို့လေ။ ကြင်ဖက်တွေ့တယ်ဆိုတာဘာမှန်းမသိ ရည်းစားဆိုတာဘာကြီးလဲဆိုပြီး ပြန်မေးရလောက်အောင်အထိ အချစ်နဲ့ကင်းကွာနေတဲ့ စာဂျပိုးလေးက ရည်းစားထားပြီး အချစ်ကိုရှာမယ်ဆိုပြီး ဆုံးဖြတ်လိုက်တာကြောင့် သူအခုဒီနေရာသို့ရောက်နေခြင်း။
YOU ARE READING
Love of May // Sungjake (One Short)
Romance"ဂျယ်ယွန်း...ကိုယ်နဲ့ မေလကုန်အထိတွဲကြည့်ကြမလား" Based slightly from 'Youth of May' Drama