မနေ့ကတင် သူတို့ကိုပြတ်ပြီဆိုပြီး ဘူလီနေတာကို အိပ်ယာနိုးနိုးချင်း အတွဲက ဖြတ်ရိုက်လိုက်သလိုပါပဲ။
တကယ်တော့ သူတို့ရဲ့ couple ringကို fanတွေက သတိထားမိတာတော့ ကြာနေကြပါပြီ။ နှစ်ယောက်သားက show တောက်လျှောက်ကို ဝတ်ခဲ့တာကြဆိုတော့။ အခုတော့ official confirmပြီးသားဖြစ်သွားတာပေါ့နော်။
ဒီနေ့ ဟန်ဘင်းနဲ့ မက်ချူးက customized ring shopတစ်ခုကိုသွားပြီး couple ringတစ်စုံ ပြုလုပ်ခဲ့တယ်ဆိုတဲ့ article တစ်ခုတက်လာပါတယ်။ အဲ့ဒီ့လက်စွပ်ကို လုပ်ပေးခဲ့တဲ့ ဆိုင်ကတင်ပေးထားတာဆိုတော့ ဒီ့ထက်သေချာတာတောင် ဒီလောက်မသေချာနိုင်တော့ဘူး။
အစက သူတို့couple ring ကို ဒီအတိုင်း ရိုးရိုးတန်းတန်းလုပ်ပြီးသားတစ်ခုကို ဝယ်ထားတယ်ပဲထင်ခဲ့တာကွယ်။ ခုတော့ customized တဲ့။ How sweet T_T
Customized ကိုတောင်မှကွာ ပုံမှန်အစ်မတို့ဆို ကိုယ့်ကို ကိုယ်စားပြုတဲ့signကို ကိုယ်တိုင်ဆွဲကြမှာမလား။ အခုတော့ တစ်ယောက်ရဲ့ ကိုယ်စားပြု signကို တစ်ယောက်က ဆွဲပေးကြတာပါတဲ့။ ဒီကောင်လေး နှစ်ယောက်ကြားက bondလေးက ဘယ်လောက်တောင် လေးနက်လိုက်သလဲနော်။ အခုတော့ ဆောင်းဟန်ဘင်းရဲ့ nickname က ဘာလို့ hamster ဖြစ်နေမှန်း သိပါပြီ။ ကလေးလေးက ဟျောင်းကဟမ်းစတားနဲ့တူတယ်လို့များ ဘယ်လောက်တောင်ပြောထားသလဲမှ မသိပဲလေနော်။
ပုံမှန်ဆို ယောက်ျားလေး သူငယ်ချင်းတွေက အဝတ်အစား အသုံးအဆောင်တွေကိုတောင် ဆင်တူသိပ်ပြီး ဝတ်လေ့မရှိကြဘူး။ couple ringလိုမျိုးဆို ပိုဝေးတာပေါ့နော်။ တချို့ idol ယောကျာ်းလေး သူငယ်ချင်းတွေ couple ring ဝတ်ကြတာတွေတော့ ရှိပေမယ့် သာမန်ယောကျာ်းလေးနှစ်ယောက်ကြားကြတော့ မတူတော့ဘူး။
ပြောရမယ်ဆို ဟန်ဘင်းနဲ့ မက်သရူးက လက်စွပ်သွားလုပ်ခဲ့တဲ့အချိန်မှာ သူတို့က trainee တွေပဲရှိသေးတယ်။ ဆိုတော့ technically တော့ idolမဟုတ်ဘဲ သာမန်ကောင်လေးနှစ်ယောက်ပေါ့။ တကယ်တော့လေ ပုံမှန်မှာဆို ယောကျာ်းလေး သူငယ်ချင်းနှစ်ယောက်ကြားမှာ couple thingတွေရှိတယ်ဆိုတာ ရှားတယ်။ ဘယ်လောက်ရင်းနှီးတဲ့ သူငယ်ချင်းဖြစ်နေပါစေ coupe thingဆိုတာမျိုးကတော့ ယောကျာ်းလေးနှစ်ယောက်ကြားမှာ နည်းနည်း ကသိကအောက်နိုင်တယ်ပြောရမယ်။
ဒါပေမယ့် အိပ်မက်တစ်ခုကို အတူမက်ရင်း ကြိုးစားနေခဲ့ကြတဲ့ ဒီသာမန်ကောင်လေးနှစ်ယောက်ကတော့ အဲ့ဒီ့အမြင်တွေကိုလည်း ဂရုမစိုက်နိုင်ခဲ့ကြပုံပါပဲ။ ခက်ခဲကြမ်းတမ်းတဲ့ခရီးတစ်ခုကို လျှောက်နေကြရင်းအဆုံးအထိအတူမရှိနိုင်ကြရင်ဆိုတာမျိုးတွေလည်း တွေးမိကြမှာပေါ့။ အတူမရှိနိုင်မှာကို ဘယ်လောက်တောင် စိုးရိမ်နေခဲ့ကြလို့ ဒါမျိုးတွေအထိလုပ်ခဲ့ကြတာပါလိမ့်နော်။ သူတို့ရဲ့ ခံစားချက်လေးက သိပ်ကိုရိုးရိုးရှင်းရှင်းပါပဲ။ နှစ်ယောက်အတူအမြဲရှိနေကြမယ်ဆိုတဲ့ ကတိလေးကို လက်စွပ်လေးတစ်ကွင်းနဲ့ သက်သေပြုချင်ခဲ့ကြမှာပေါ့။
အဲ့ဒီ့ကတိလေးကိုလည်း မင်းတို့အကောင်အထည်ဖော်နိုင်ခဲ့ပါတယ် ကောင်လေးတို့ရေ။
နှစ်ယောက်တစ်အိပ်မက်လေး လက်တွေ့ဖြစ်လာတဲ့အခါ ကတိတွေအတွက် သက်သေဖြစ်ပေးခဲ့တဲ့ လက်စွပ်ကလေးဟာလည်း ကျေးဇူးတင်စရာထဲက တစ်ခုပေါ့ အချစ်ရယ်
-------------
လူက လေပေါ်ကကို မဆင်းတော့ဘူးရှင်
ကဲ...အားလုံး 3 ခေါက်လိုက်ဆို
လက်စွပ်ဆိုင်ပိုင်ရှင် ကျန်းမာပါစေ၊ ချမ်းသာပါစေ
လက်စွပ်ဆိုင်ပိုင်ရှင် ကျန်းမာပါစေ၊ ချမ်းသာပါစေ
လက်စွပ်ဆိုင်ပိုင်ရှင် ကျန်းမာပါစေ၊ ချမ်းသာပါစေ