ဒီone shot လေးက
ကဘလအတွက်တစ်ထောင့်တစ်နေရာက ပါဝင်ကူညီးပေးခဲ့တဲ့
ညီမလေး Mayphoo Pone အတွက်
ရေးပေးထားတာပါ ။
ဒါလေးက ညီမလေး Mayphoo Pone အပိုင်ဖြစ်ပါတယ်ရှင်။"သူငါ့ကိုထပ်ပြီးထားသွားတဲ့နောက်"
"သူ..."
"သူဆိုတာဘယ်သူလဲ...
ငါ့အတိတ်မှာ ပြန်စဉ်းစားတိုင်း သတိမရချင်တော့တဲ့သူ... ငါ့အနာဂတ်မှာ အကြောင်းတိုက်ဆိုင်လို့ပြန်ဆုံရင်တောင်...နောက်ထပ် မျက်နှာချင်းမဆိုင်ချင်တဲ့သူ..
တစ်မိုးအောက်တစ်ယောက် ပြိုင်ဘက်ကင်းပြီး
ယောက်ျားဆန်တဲ့ဆွဲဆောင်မှုအပြည့်ရှိတဲ့
Yoon Jong Woo.ထားသွားတဲ့သူနဲ့ ကျန်ရစ်ခဲ့သူ...
ဘယ်သူကပိုနာကျင်ရတယ်လို့...အငြင်းစကားမဆိုချင်တော့ပါဘူး...ကိုယ့်ဝမ်းနာကိုယ်သာသိမို့...သူသာတယ် ကိုယ်နာတယ်လို့...
စကားနိုင်လုဖို့ရန်လည်း ခွန်အားမရှိတော့ပါဘူး...
ပြန်တွေးမိတိုင်းရင်တွေနာလို့...ခန္ဓာကိုယ်ရဲ့ အလိုအလျောက်တုံ့ပြန်ချက်အရ...မျက်ရည်တွေဆိုတာလည်း ထိုလူနဲ့ပတ်သတ်ရင် ကုန်ခမ်းတယ်မရှိ...ငါ့ဘဝမှာ နောင်တအရဆုံးလုပ်ရပ်၁ခုရှိတယ်...
ထိုလူကိုမချစ်မိခဲ့သင့်ဘူး... မဟုတ်ဘူး ...
အဲ့ဒီ့လူနဲ့ဆုံကိုမဆုံခဲ့သင့်တာ...
ဦးနှောက်က မုန်းခိုင်းနေပေမယ့်...နှလုံးသားက ငြင်းဆိုနေတယ်...
ငါအရမ်းပင်ပန်းနေပြီ...
ကောင်းကင်ပေါ်ကတိမ်ဆိုင်တွေလို...
လေနှင်ရာအတိုင်း လွင့်နေချင်တယ်...
ဘဝရဲ့ အပေါ့ပါးဆုံး လန်းဆန်းတက်ကြွခဲ့တဲ့အချိန်ကာလတွေ... ထိုလူနဲ့ပဲစပြီး ထိုလူနဲ့ပဲအဆုံးသတ်တယ်...သူထားသွားတဲ့နောက် ...
ငါ့ပျော်ရွှင်မှုတွေ နိဂုံးချုပ်တဲ့နေ့ပဲ ...
ပြန်စဉ်းစားတိုင်းရင်ကွဲမတတ်နာတယ်..ဒါပေမယ့်ဘယ်လိုလုပ်မလဲ မစဉ်းစားဘဲလည်း
မနေနိုင်ပြန်ဘူး ...
ခက်တယ် အတော်ကိုခက်တယ်....
အတိတ်တွေကိုပြန်ပြင်လို့ရမယ်ဆိုရင်
အဲ့နေ့က....ကျောင်းစတက်တဲ့နေ့မှာပဲ မိုးကဖွဲဖွဲလေးရွာနေတယ်။ အဆောင်နဲ့ကျောင်းက အရမ်းမဝေးပေမယ့် မိုးရွာထဲမှာ လမ်းလျှောက်ရတာက ပုံမှန်ထက်ပိုကြာသလိုခံစားရတယ် ဖိနပ်ပေါ်ကိုလာစင်တဲ့မိုးရေစက်တွေကြောင့် ခြေဖဝါးပေါ်က စိုစွတ်စွတ်အထိအတွေ့က လူကိုအမှန်တကယ်စိတ်မသက်မသာဖြစ်စေတယ်။