After he left me again

222 16 3
                                    

ဒီone shot လေးက
ကဘလအတွက်တစ်ထောင့်တစ်နေရာက ပါဝင်ကူညီးပေးခဲ့တဲ့
ညီမလေး  Mayphoo Pone အတွက်
ရေးပေးထားတာပါ ။
ဒါလေးက ညီမလေး Mayphoo Pone အပိုင်ဖြစ်ပါတယ်ရှင်။

"သူငါ့ကိုထပ်ပြီးထားသွားတဲ့နောက်"

"သူ..."

"သူဆိုတာဘယ်သူလဲ...

ငါ့အတိတ်မှာ ပြန်စဉ်းစားတိုင်း သတိမရချင်တော့တဲ့သူ... ငါ့အနာဂတ်မှာ အကြောင်းတိုက်ဆိုင်လို့ပြန်ဆုံရင်တောင်...နောက်ထပ် မျက်နှာချင်းမဆိုင်ချင်တဲ့သူ..

တစ်မိုးအောက်တစ်ယောက် ပြိုင်ဘက်ကင်းပြီး‌
ယောက်ျားဆန်တဲ့ဆွဲဆောင်မှုအပြည့်ရှိတဲ့
Yoon Jong Woo.

ထားသွားတဲ့သူနဲ့ ကျန်ရစ်ခဲ့သူ...
ဘယ်သူကပိုနာကျင်ရတယ်လို့...အငြင်းစကားမဆိုချင်တော့ပါဘူး...ကိုယ့်ဝမ်းနာကိုယ်သာသိမို့...သူသာတယ် ကိုယ်နာတယ်လို့...
စကားနိုင်လုဖို့ရန်လည်း ခွန်အားမရှိတော့ပါဘူး...
ပြန်တွေးမိတိုင်းရင်တွေနာလို့...ခန္ဓာကိုယ်ရဲ့ အလိုအလျောက်တုံ့ပြန်ချက်အရ...မျက်ရည်တွေဆိုတာလည်း ထိုလူနဲ့ပတ်သတ်ရင် ကုန်ခမ်းတယ်မရှိ...

ငါ့ဘဝမှာ နောင်တအရဆုံးလုပ်ရပ်၁ခုရှိတယ်...
ထိုလူကိုမချစ်မိခဲ့သင့်ဘူး... မဟုတ်ဘူး ...
အဲ့ဒီ့လူနဲ့ဆုံကိုမဆုံခဲ့သင့်တာ...
ဦးနှောက်က မုန်းခိုင်းနေပေမယ့်...နှလုံးသားက ငြင်းဆိုနေတယ်...
ငါအရမ်းပင်ပန်းနေပြီ...
ကောင်းကင်ပေါ်ကတိမ်ဆိုင်တွေလို...
လေနှင်ရာအတိုင်း လွင့်နေချင်တယ်...
ဘဝရဲ့ အပေါ့ပါးဆုံး လန်းဆန်းတက်ကြွခဲ့တဲ့အချိန်ကာလတွေ... ထိုလူနဲ့ပဲစပြီး ထိုလူနဲ့ပဲအဆုံးသတ်တယ်...သူထားသွားတဲ့နောက် ...
ငါ့ပျော်ရွှင်မှုတွေ နိဂုံးချုပ်တဲ့နေ့ပဲ ...
ပြန်စဉ်းစားတိုင်းရင်ကွဲမတတ်နာတယ်..ဒါပေမယ့်ဘယ်လိုလုပ်မလဲ မစဉ်းစားဘဲလည်း
မနေနိုင်ပြန်ဘူး ...
ခက်တယ် အတော်ကိုခက်တယ်....
အတိတ်တွေကိုပြန်ပြင်လို့ရမယ်ဆိုရင်
အဲ့နေ့က....

ကျောင်းစတက်တဲ့နေ့မှာပဲ မိုးကဖွဲဖွဲလေးရွာနေတယ်။ အဆောင်နဲ့ကျောင်းက အရမ်းမဝေးပေမယ့် မိုးရွာထဲမှာ လမ်းလျှောက်ရတာက ပုံမှန်ထက်ပိုကြာသလိုခံစားရတယ် ဖိနပ်ပေါ်ကိုလာစင်တဲ့မိုးရေစက်တွေကြောင့် ခြေဖဝါးပေါ်က စိုစွတ်စွတ်အထိအတွေ့က လူကိုအမှန်တကယ်စိတ်မသက်မသာဖြစ်စေတယ်။

After he left me again Where stories live. Discover now