Unicode + Zawgyi
Author's Pov :
Chris နိုးလာထဲက သူ့ရင်ခွင်ထဲမှာ ခွေးပေါက်လေးအတိုင်း ဝပ်တိုးထားပြီး အိပ်ပျော်နေသည့်သူကို ကြည့်နေမိသည်။
ခပ်အုပ်အုပ် ဆံပင်နက်နက်လေးတွေရဲ့ နူးအိမှုက သူ့လက်မောင်းတစ်လျှောက်မှာ ရစ်တွယ်လို့။
ကြည်လင်သန့်ရှင်းနေတဲ့ မျက်နှာလေးကလည်း ဖြူစင်မှုအတိုင်းသား။
ရယ်လိုက်ရင်ပိတ်သွားတတ်တဲ့ မျက်လုံးလေးတွေက အခုတော့ ဖောင်းဖောင်းလေး မှေးဆင်းနေပြန်လို့။
နှာခေါင်းလုံးလုံးရှည်ရှည်လေး၊ ခွေးပေါက်စလေးလို နှုတ်ခမ်းလေးတွေက ဒီကောင်လေးကို ချစ်စရာကောင်းအောင် ပံ့ပိုးပေးထားတယ်။
Chris ဒီအတိုင်း ကြည့်မိနေရင်းက သူ့ရဲ့နှုတ်ခမ်းတို့ အနည်းငယ် ညွတ်ဆင်းလာသည်။
ခေါင်းငုံ့လိုက်ရင်း အောက်ကကောင်လေးရဲ့ ပါးလေးတစ်ဖက်ပေါ် သာသာလေးနမ်းရှုံ့ကာရှိသေး မျက်လုံးလေးမပွင့်တပွင့်နှင့်အတူ SeungMin နိုးလာသည်။
နိုးနိုးချင်း Chris က သူနဲ့နီးကပ်စွာရှိနေသည်ကြောင့် ဆတ်ခနဲတုန်ယင်သွားပြီးမှ ပြုံးပြလာသည်။
“ကိုယ့်ကိုလန့်သွားတာလား”
သူ့နား,နား ကပ်ပြောလာတော့ ခန္ဓာကိုယ်ကို အနည်းငယ်ရွေ့လျားမိပြီး Chris ကိုလည်း မျက်လုံးချင်းစုံမလာခဲ့။
“မ .. မလန့်ပါဘူး ဒီတိုင်း ရုတ်တရက်ဆိုတော့ ..”
“အဲ့ဒါဆိုဘာလို့နောက်ဆုတ်သွားတာလဲ”
SeungMin တံတွေးမျိုချလိုက်ပြီး
“umm .. ကိုကိုပူမှာစိုးလို့”
“အဟက် ~”
Chris ခေါင်းအသာအယာခါလိုက်ရင်းက SeungMin ကို ကြည့်လိုက်ပြီး
“အအေးဓာတ်ကိုမခံစားမိဘူးလား bae .. ကိုယ်တို့နှစ်ယောက်လုံးမှာ စောင်ကလွဲလို့ ဘာအဝတ်မှလည်းမရှိဘူးနော် တခြားခေါင်းစဉ်လွှဲပြော”
Chris ပြောလိုက်တော့ SeungMin ကြောင်အအဖြစ်သွားကာ နားရွက်များလည်း နီမြန်းလာသည်။ စောင်ကိုလည်း လည်ပင်းထိ ထပ်ဆွဲယူလိုက်ပြီး အသံတိတ်လို့သာ ငြိမ်နေသည်။
YOU ARE READING
Dearest Blue (ChanSeung-mm fanfic)
Fanfiction'It hurts .. but I love it' • ChanSeung Myanmar Fanfiction • Short Story