Made you mine!

1.2K 87 3
                                    

Senior Sunghoon 💖

Sunghoon:
Morning Sunoo 💖
ကျွန်တော် ကျောင်းကိုရောက်ပြီဗျ

Sunoo:
Morning hyung 😻
မြေအောက်ရထားက ပြည့်ကျပ်နေတာ
ကျွန်တော် taxi စီးလိုက်ရတယ်😭

Sunghoon:
အချိန်မှီတော့ရောက်တယ်မလား?
ကိုယ် Jungwon နဲ့ coffee ေပးလိုက်တယ်
ဒီနေ့လည်း fighting 💪💪

Sunoo:
Fighting💪 Prof: Choi အချိန်လေ
စာမလုပ်ချင်ဘူး ငပေါပဲလုပ်ချင်တယ်

Sunghoon:
ွကျွန်တော် လာကယ်တင်မယ်😊

Sunoo:
🤣🤣🤣🤣

_______________________________

မနက်စောစောမနိုးတာလည်း ဆောနူးပဲ။rush hour ရောက်သွားလို့ မြေအောက်ရထားစီးဖို့ အဆင်မပြေတော့တာလည်း ဆောနူးပဲ။ ဒါပေမယ့် ဘာမှမဆိုင်ဘဲ သူ့ရဲ့ရည်းစားမကျ ဘာမကျ ပတ်ဆောင်ဟွန်းကို စိတ်ကောက်ချင်နေတော့တာပဲ။

သူအရမ်းကြောက်ရတဲ့ Prof Choi အတန်းကို မနက်အစောတက်ရတော့မယ်ဆိုရင် ဆောနူးကဒီလို ကယောင်ခြောက်ခြားတွေ ဖြစ်တော့တာပဲ။

သူစောစောလေး လာနိုင်လိုက်ရင် အတန်းမစခင် သူ့စီနီယာအစ်ကိုကြီးနဲ့ ခဏတွေ့ရမှာပဲဆိုပြီး နှမျောနေမိသေးတယ်။

lecture room ထဲကိုရောက်တော့ ဂျောင်ဝန်းက ကြိုရောက်နေပြီ။ သူ့ကို မြင်တော့ ကော်ဖီခွက်ကို မြှေုာက်ပြီးပြတယ်။

" Morning Won Won"

တကူးတက coffeeသယ်လာပေးတဲ့လူဆိုတော့ ဆောနူးမျက်နှာလိုမျက်နှာရလုပ်လိုက်တယ်။ ဂျောင်ဝန်းက နှာခေါင်းရှုံ့ပြတော့တာပဲ။

" စီနီယာ ဂျူနီယာ သူငယ်ချင်းမဟုတ် ရည်းစားမဟုတ်တဟုတ်တွေကို နားမလည်ပါဘူးဗျာ"

ဂျောင်ဝန်းက ပေစောင်းစောင်းလေးပြောတော့ ဆောနူးက ရယ်တယ်။ ထိုင်ခုံမှာ ဝင်ထိုင်ပြီး သူ့စာအုပ်တွေ ပစ္စည်းတွေကို နေရာချတယ်။

ပြီးတော့ phone ထုတ်ပြီး ဆောင်ဟွန်းပေးလိုက်တဲ့ coffee ကို မြန်မြန် ပုံရိုက်လိုက်တယ်။ သူလုပ်သမျှကို ဂျောင်ဝန်းက မေးထောက်ကြည့်နေတော့တာပဲ။

You've reached the end of published parts.

⏰ Last updated: May 02, 2023 ⏰

Add this story to your Library to get notified about new parts!

Made you mine!Where stories live. Discover now