Part -1

3 0 0
                                    

" သမီးကြီးလာရင်လာလုပ်မှာလဲလေပြေ"

" ဆရာဝန်ကြီးလား အင်ဂျင်နီယာကြီးလား "

အတန်းထဲမှာ ဆရာမက လေပြေကြီးလာရင်ဘာလုပ်မှာလဲလို့မေးတိုင်း လေပြေက "ဟိုးမိုးပေါ်မှာ ပျံသန်းနေတဲ့ဌက်ကလေးဖြစ်ချင်တယ်လို့ဖြေခဲ့တယ် "

လေပြေ့ဘဝမှာတန်ဖိုးထားရဆုံးနဲ့အမြတ်နိုးဆုံးကလွတ်လပ်မှုပါ ကောင်းကင်ကြီးမှာလွတ်လွတ်လပ်လပ်ပျံသန်းနေကြတဲ့ဌက်ကလေးတွေကိုမြင်တိုင်း လေပြေလည်းဌက်ကလေးပဲဖစ်ချင်ခဲ့တယ်

ဒါပေမယ့်လေပြေ့ရဲ့အိမ်မက်လေးတွေက ဖေဖေရဲ့ဆုံးပါးမှုနဲ့အတူပါသွားခဲ့ပြီထင်ပါရဲ့..

ဖေဖေကလေပြေလေးတန်းလောက်ထဲကဆုံးသွားခဲ့တယ် ဖေဖေဆုံးပြီးတော့ အရင်ကအဆင်ပြေခဲ့တဲ့မိသားစုလေးကစပြီးဒုက္ခတွေကြုံလာရတယ်

ငွေကြေးမပြေလည်မှုတွေကြောင့်ရှိတဲ့အိမ်လေးကိုရောင်းပြီး သက်သာချောင်ချိတဲ့နေရာတစ်နေရာမှာ ငှားနေကြတယ် မေမေလည်းအရမ်းပင်ပန်းဆင်းရဲခဲ့ရတယ်

ဟူး.......ဘာပဲဖစ်ဖစ်ခုတော့လေပြေလည်းအလုပ်ရခဲ့ပြီမို့ မေမေ့ကိုတစ်ဖက်တစ်လှမ်းကနေကူညီနိုင်တော့မှာလေ ဒီနေ့အလုပ်သွားရမှာမို့စိတ်တောင်လှုပ်ရှားစပြုလာပြီ

" သမီးရေ "

အိမ်နောက်ဖေးကမေမေ့ရဲ့ခေါ်သံကြောင့်လေပြေအတွေးစရပ်သွားရသည်

"ရှင်မေမေ.."

" သမီးအလုပ်မှာစားဖို့ဒီမှာထမင်းချိုင့်.."

" သမီးကားစီးရင်ဂရုစိုက်နော် ခါးပိုက်နှိုက်တို့ဘာတို့နဲ့တိုးနေမှာစိုးလို့ "

" အင်းပါမေမေရဲ့.."

" သွားပီနော်မေမေ အလုပ်တွေချည်းပဲလုပ်မနေနဲ့ဦး မေမေနဲ့ မောင်လေးကိုသမီးကရှာကျွေးတော့မှာမို့.."

" အင်းပါတော်...အင်းပါ..."

လေပြေအလုပ်သွားဖို့တွက်သူမတို့အိမ်ရဲ့နှစ်လမ်းကျော်က မှတ်တိုင်ကိုအမှီပြေးသွားပါတော့သည်...

🍒🍒🍒

" ဟူး..ကားကဘာလို့ဒီလိုနေကျမှပျက်နေရတာလဲ မင်းသေချာကားကိုစစ်ဆေးမထားဘူးလား.."

You've reached the end of published parts.

⏰ Last updated: May 02, 2023 ⏰

Add this story to your Library to get notified about new parts!

လေပြေWhere stories live. Discover now