" သမီးကြီးလာရင်လာလုပ်မှာလဲလေပြေ"
" ဆရာဝန်ကြီးလား အင်ဂျင်နီယာကြီးလား "
အတန်းထဲမှာ ဆရာမက လေပြေကြီးလာရင်ဘာလုပ်မှာလဲလို့မေးတိုင်း လေပြေက "ဟိုးမိုးပေါ်မှာ ပျံသန်းနေတဲ့ဌက်ကလေးဖြစ်ချင်တယ်လို့ဖြေခဲ့တယ် "
လေပြေ့ဘဝမှာတန်ဖိုးထားရဆုံးနဲ့အမြတ်နိုးဆုံးကလွတ်လပ်မှုပါ ကောင်းကင်ကြီးမှာလွတ်လွတ်လပ်လပ်ပျံသန်းနေကြတဲ့ဌက်ကလေးတွေကိုမြင်တိုင်း လေပြေလည်းဌက်ကလေးပဲဖစ်ချင်ခဲ့တယ်
ဒါပေမယ့်လေပြေ့ရဲ့အိမ်မက်လေးတွေက ဖေဖေရဲ့ဆုံးပါးမှုနဲ့အတူပါသွားခဲ့ပြီထင်ပါရဲ့..
ဖေဖေကလေပြေလေးတန်းလောက်ထဲကဆုံးသွားခဲ့တယ် ဖေဖေဆုံးပြီးတော့ အရင်ကအဆင်ပြေခဲ့တဲ့မိသားစုလေးကစပြီးဒုက္ခတွေကြုံလာရတယ်
ငွေကြေးမပြေလည်မှုတွေကြောင့်ရှိတဲ့အိမ်လေးကိုရောင်းပြီး သက်သာချောင်ချိတဲ့နေရာတစ်နေရာမှာ ငှားနေကြတယ် မေမေလည်းအရမ်းပင်ပန်းဆင်းရဲခဲ့ရတယ်
ဟူး.......ဘာပဲဖစ်ဖစ်ခုတော့လေပြေလည်းအလုပ်ရခဲ့ပြီမို့ မေမေ့ကိုတစ်ဖက်တစ်လှမ်းကနေကူညီနိုင်တော့မှာလေ ဒီနေ့အလုပ်သွားရမှာမို့စိတ်တောင်လှုပ်ရှားစပြုလာပြီ
" သမီးရေ "
အိမ်နောက်ဖေးကမေမေ့ရဲ့ခေါ်သံကြောင့်လေပြေအတွေးစရပ်သွားရသည်
"ရှင်မေမေ.."
" သမီးအလုပ်မှာစားဖို့ဒီမှာထမင်းချိုင့်.."
" သမီးကားစီးရင်ဂရုစိုက်နော် ခါးပိုက်နှိုက်တို့ဘာတို့နဲ့တိုးနေမှာစိုးလို့ "
" အင်းပါမေမေရဲ့.."
" သွားပီနော်မေမေ အလုပ်တွေချည်းပဲလုပ်မနေနဲ့ဦး မေမေနဲ့ မောင်လေးကိုသမီးကရှာကျွေးတော့မှာမို့.."
" အင်းပါတော်...အင်းပါ..."
လေပြေအလုပ်သွားဖို့တွက်သူမတို့အိမ်ရဲ့နှစ်လမ်းကျော်က မှတ်တိုင်ကိုအမှီပြေးသွားပါတော့သည်...
🍒🍒🍒
" ဟူး..ကားကဘာလို့ဒီလိုနေကျမှပျက်နေရတာလဲ မင်းသေချာကားကိုစစ်ဆေးမထားဘူးလား.."
YOU ARE READING
လေပြေ
Romanceလေပြေကလေ နာမည်နဲ့လိုက်အောင် လေနှင်ရာလွင့်နေသလိုပဲ ရင်ထဲမှာ တစ်စုံတစ်ယောက်ကိုချစ်မိနေတာတောင် ဖက်တွယ်ထားဖို့ ကျ သတ္တိနည်းလွန်းတယ် ~~လေပြေ~~ လေနှင်ရာလွင့်နေချင်တဲ့ လေပြေ့လိုမိန်းကလေးကိုမှ ကျွန်မကအရမ်းချစ်နေမိတယ် ကိုယ်လိုချင်တာကိုမရရအောင်ယူတတ်တဲ့မေခတ်ထ...