Yeol: Baek ရယ် ကိုယ်ဝယ်ပေးတဲ့ ဖိနပ်ကိုစီးပါ
Baek: အာ အရိုး နင်ဘယ်လိုဖစ်နေတာလဲ ငါ့အဖေလုပ်ပေးတဲ့ ဖိနပ်ပဲ စီးမယ်
Baek appa က Korea ရဲ့ ထိပ်တန်း ဖိနပ် ဒီဇိုင်နာတစ်ယောက်ပေါ့။ သူ့သမီးလေးအတွက်သူကိုဟ်တိုင် လုပ်ပေးထားတဲ့ ဖိနပ်လေးကို Baek ကလည်း ကြိုက်တယ်လေ
Yeol: အခုက မိုးရာသီဟ။ နင် slipper ကြီးနဲ့ ချော်လဲလိမ့်မယ် ငါဝယ်ပေးတဲ့ ဒေါက်ဖိနပ်ပဲစီးပါနော်
Baek: ဟာ မရဘူး။ Yeol နင် ဒီစကားကြားဖူးတယ်မလား ရည်းစားကိုဖိနပ်ပေးရင် ထွက်ပြေးတတ်တယ်ဆိုတာလေ။ နင်က ငါ့ကို ထွက်ပြေးစေချင်လို့လား
စကားကို ကိုးလို့ကန့်လန့် ပြောတတ်သော ငဘတ်မလေးကို အရိုးမနိုင်ပါ။ မွေးစားသမီးမို့လို့ လားတော့ မသိ။ Baek Appa က Baek ကို အရမ်းအလိုလိုက်သည်
Yeol: အဲ့လိုမဟုတ်ရပါဘူးဟာ ငါက နင့်ကိုချစ်လို့ပြောတာပါ
Baek: Yeol ရယ် တခြားဟာတွေတောင်းဆိုပါ ငါလုပ်ပေးပါ့မယ် ဒီဖိနပ်လေးတော့ စီးပါရစေဟာ နော် နော် လို့
Baek ရဲ့ ageyo ထဲမှာ Yeol နစ်မြောသွားခဲ့ပေမဲ့ ပြန်ထိန်းခဲ့တယ်
Yeol: Andwe!!!
Baek: အဲ့ဒါဆိုလည်းနေဟာ ငါသွားပြီ ဟွင့်
Baek လည်းစိတ်တိုပြီး ထပြန်သွားတော့တာပေါ့
Yeol က နောက်ကနေလှမ်းအော်လိုက်တယ်
Yeol: နင်ပြန်မလာမချင်း ငါဒီမှာပဲစောင့်နေမယ်
Baek: နေ နေ အဲ့မှာပဲ စောင့်ပြီးနေ ငါလုံးဝမလာဘူး ငဘတ် တဲ့ တစ်ဘတ်ပဲ ရှိတယ် နောက်တစ်ဘတ်ရှိရငိ မွှေပြီးကြော်စားပစ်မယ် ဟွင့်
Yeol:ဟုး ငါတော့ သေချင်တာပါပဲ…………
#################
Baek: ဟင့် ဟင့် Yeol အကျင့်မကောင်းဘူး
Baek Appa: သမီး ဘယ်လိုဖြစ်လာတာလဲ
Baek ငိုပြီးပြန်လာတာတွေ့တော့ Baek appa က မေးလိုက်ခြင်းဖြစ်သည်
Baek လည်း ဧည့်ခန်းထဲက ဆိုဖာပေါ်မှာထိုင်ပြီး
Baek:ဟို အရိုးပေါ့ သမီးကို အနိုင်ကျင့်လိုက်တာ
Baek appa: ဟင်?????
Baek:အာ appa ကလည်း ဘာတွေတွေးနေတာလဲ ဒီလို appa ရဲ့ ………………
Appa:အော် ……ဒါများ သမီးရယ် ယူလိုက်ပေါ့ ကိုယ့်ချစ်သူပေးတာပဲဟာကို appa က သမီးစီးဖို့ဆိုပေမဲ့ Yeol စိတ်မကောင်းဖြစ်သွားပါအုံးမယ်
Baek: appa ကပါ သူ့ဘက်ကလား
Appa: အဲ့လိုမဟုတ်ဘူးလေ သမီးရယ် အင်……ဒီလိုလုပ် appa ပုံပြင်တစ်ပုဒ်ပြောပြမယ် ပုံပြင်ကိုနားထောင်ပြီးရင် သမီးစိတ်ပြောင်းသွားမှာပါ
Baek:မပြောင်းပေါင်!!!
Appa: ဇာတ်လမ်းလေးကတော့…………
TBC
slipper နဲ့ပတ်သတ်တဲ့ ficလေးပါ ကြိုက်မယ်လို့ထင်ပါတယ်