Appa : ဇာတ်လမ်းလေးကတော့............
~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•
LuLu: အာ.........Hun ရာ။ ဖိနပ်ဝယ်ပေးပါဆို
Hun:Lu ရာ။ နင်ဘယ်လိုဖြစ်နေတာလဲ နောက်နစ်ရက်နေရင်ပဲ မင်္ဂလာဆောင်ရတော့မှာ အဲ့ဒီအခါကျရင် ကိုယ့်ဘက်က သူငယ်ချင်းတွေအကူန်လုံးက ဖိနပိတွေပဲ လက်ဖွဲ့ကြမှာ
ချစ်သူနှစ်ယောက် Cafe ဆိုင်တစ်ဆိုင်မှာ စကားများနေခြင်းဖြစ်သည်။ထိုအချိန်တွင်မိုးများ သည်းထန်စွာရွာနေသည်။ကောင်းကင်ကြီးတစ်ခုလုံးလည်း မှောင်မဲနေသည်။ လျှပ်စီးများ လျှပ်ကာ မိုးချူန်းသံများကိုလည်း ရင်ထိတ်ဖွယ်ကြားနေရသည်။
Lu:Hun က ဖိနပ် Designer ပဲ။ Hun လုပ်ပေးတဲ့ဖိနပ်ပဲစီးချင်တယ်။ အခုက မိုးရာသီလေ။ ဒီ slipper ကြီးနဲ့ဆိုရင် Lu ချော်လဲမှာပေါ့လို့။
Hun:Lu!! မရဘူး။်ဒီစကားကြားဖူးတယ်မလား ရည်းစားကိုဖိနပ်ပေးရင် ထွက်ပြေးတတ်တယ်ဆိုတာလေ။ Luက ကိုယ့်နားက ထွက်ပြေးမလို့လား
Lu: Hun ကလည်း......... Luက Hun ကိုပဲချစ်တာကို ဘယ်ကိုထွက်ပြေးရမှာလဲ။
Hun:မရဘူးဆို မရဘူး။
Lu တော်တော်စိတ်ဆိုးသွားပါပြီ။ မိုးရာသီမို့ ချော်လဲမှာစိုးလို့ ဖိနပ်အသစ်လေးလုပ်ပေးပါဆိုတာကို ဟိုဘက်လှည့်ပြော ဒီဘက်လှည့်ပြောနဲ့ ။
အမှန်တကယ်တော့ Hun က Lu့အတွက် ဖိနပ် ဒီဇိုင်းဆွဲထားပြီးပါပြီ။ မင်္ဂလာဆောင်မှာ သူကိုယ်တိုင် ဝတ်ပေးချင်လို့ surprise ဖြစ်အောင် လှို့ဝှက်ထားတာပါ။
Lu:အဲ့ဒါဆိုလည်းနေဟာ။ တော်ပြီ စိတ်ဆိုးတယ် လိုက်မလာနဲ့ ။
Lu စိတ်ဆိုးပြီး ထီးမယူခဲ့ဘဲနဲ့ ဆိုင်အပြင်ဘက်ကို ပြေးထွက်ခဲ့ပါတယ်။Hun ကတော့ စိတ်ဆိုးသွားတဲ့ သူ့ချစ်သူလေးကို ချော့ဖို့ နောက်ကနေ ထီးတစ်ချောင်းဆွဲပြီး လိုက်လာခဲ့တာပေါ့။
Hun: Lu.........Luရေ။ ချစ်လေး ရေ ......... သဲလေး
Hun နောက်ကနေ တကြော်ကြော်အော်ခေါ်ရင်းနဲ့
Lu'pov: ဟွင့် ဖိနပ်လေး လုပ်ပေးပါဆိုတာကို ဟိုရွှေ့ဒီရွှေ့နဲ့ သေချင်းဆိုး