ep1

1K 157 22
                                    

Unni

''ဟဲ့ဘယ်လဲ စောစောစီးစီး''

''ရွာလယ်ပိုင်း ခန''

''အေးအဲ့လိုပြောပြီး ညမိုးချုပ်မှပြန်လာဟုတ်ပြီလား''

''ဟုတ်ကဲ့ အမေ''

''ဟဲ့ ဘာဟုတ်ကဲ့လဲငါကောက်ပေါက်လိုက်ရ''

ထုံးစံအတိုင်းမနက်မိုးလင်းပြီဆိုတာနှင့်
ဂင်ဂယူဘင်းတို့အိမ်ကလေးဟာဆူညံလျှက်ပင်။

''မိန်းမရေ လွှတ်ပေးလိုက်စမ်းပါမင်းပဲ
အလိုလိုက်ထားပြီးတော့''

''ရှင်ပါ နာချင်လို့လား''

''မဟုတ်ဘူးမိန်းမ ယောက်ျားကနောက်တာ
ဟေ့ကောင်မသွားနဲ့တော့အပေါ်ပြန်တက်''

ဂယူဘင်းဟာ မိဘစကားကိုနားထောင်စွာ
ခြံအပြင်သို့ပြေးထွက်သွား​ပြီး ။ မသွားခင်မှာလဲ
သူ၏အဖေဖြစ်သူအား စကားအချို့လဲအော်ပြောခဲ့သေး၏။

''ရွာသူကြီးက မိန်းမကြောက်ကြီး''

''ဒါဆိုမင်းလဲငါ့သွေးပါရင် ကြောက်မှာပဲဟေ့ကောင်''

''ကျွန်တော်ကတော့လုံးဝပဲ''

''အေးပါမင်းအိမ်ထောင်ကျမှငါကြည့်ပါဦးမယ်''

.........................................................................

ဂယူဘင်း ဂွန်းနူတို့အိမ်သို့ရောက်တော့
ဧည့်ခန်းထဲတွင် သီချင်းနားထောင်ကာထိုင်နေသည့်
ဂွန်းနူအပြင်ကျန်တဲ့နှစ်ယောက်အားမတွေ့ချေ..။

ထို့ကြောင့် ဂွန်းနူ၏နားကြပ်တစ်ဖက်အားဖြုတ်ကာ
သူရောက်နေမှန်းအသိပေးလိုက်တော့။

''နောက်ကျတယ် ဟျောင့်''

''ထုံးစံအတိုင်း မေမေကရစ်နေလို့''
''ဒါနဲ့ဟန်ဘင်းနဲ့ဂျီဝန်းရောမရောက်
သေးဘူးလား''

''ဂျီဝန်းက ဆရာဝန်လေးဆီသွားတယ်ဟန်ဘင်းကတော့မသိဘူး''

''အေးအဲ့တာလည်းငါပြောပါဦးမယ် ဂျီဝန်းကတကယ်ပဲ အဲ့ဆရာဝန်ဆော့မက်သရူးကိုကြိုက်နေတာလား''

''ကြိုက်လို့ပဲ ဒဏ်ရာပေါင်းစုံမရရအောင်လုပ်ပြီး
အဲ့ဆေးခန်းကိုသွားတာပေါ့''

Couples with Gun wookWhere stories live. Discover now